38 C
Yangon

ပြည်တွင်းတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းရန် မင်းအောင်လှိုင်၏ အမိန့် နောက်ဆက် တွဲ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနှင့် သက်တမ်းတိုးမှုများ စတင် ရပ်ဆိုင်း၊ ပြည်ပ ရောက် မြန်မာများက NUG နှင့် PDF ကို ထောက်ပံ့နေမှု လမ်းကြောင်း ဖြတ်တောက်ရန် စစ်တပ်က ရည်ရွယ် လုပ်ဆောင်နေ

Must read

ပြည်တွင်းတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းရန် မင်းအောင်လှိုင်၏ အမိန့် နောက်ဆက် တွဲ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနှင့် သက်တမ်းတိုးမှုများ စတင် ရပ်ဆိုင်း၊ ပြည်ပ ရောက် မြန်မာများက NUG နှင့် PDF ကို ထောက်ပံ့နေမှု လမ်းကြောင်း ဖြတ်တောက်ရန် စစ်တပ်က ရည်ရွယ် လုပ်ဆောင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃

ပြည်တွင်းတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းရန် မင်းအောင်လှိုင် အမိန့် နောက်ဆက်တွဲ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနှင့် သက်တမ်းတိုးမှု များပါ ရပ်ဆိုင်းရန်ရှိနေပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကောင်စစ် ဝန်ရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုများကို ယနေ့မှ စတင်ရပ်ဆိုင်း လိုက် ကြောင်း ကြေညာသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က NUG နှင့် PDF ရှင်သန်ရပ် တည်နေ မှုသည် ပြည်ပရောက် မြန်မာများက NUG နှင့် PDF ကို ထောက်ပံ့ နေခြင်းဖြစ် ကြောင်း စစ်ကောင်စီအစည်းအဝေးများအတွင်း သုံးသပ်မှုများ ရှိလာပြီးနောက် ယင်း ထောက်ပံ့နေမှု လမ်း ကြောင်း ဖြတ်တောက်ရန် ရည် ရွယ် သည့်အနေဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ပြည်တွင်း ပြည်ပ တွင် ရပ်ဆိုင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် လူငယ်များ ပြည်ပထွက်ခွာမှုများ များပြားနေသဖြင့် စိစစ်တား ဆီးရန် မင်း အောင် လှိုင် ၏ ညွှန်ကြားချက်ကြောင့် နိုင်ငံကူးလက်မှတ် ထုတ် ပေး မှုများ ရပ် ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်၂၀၂၂ ခုနှစ် ဩဂုတ် လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ် အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ညွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားချက်မှာ ယခု စတင် အသက် ဝင်လာ ကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ် ထုတ်ပေးတာကို တင်းတင်းကျပ်ကျပ် ပြန်စိစစ်ဖို့ ၊ လူ့စွမ်း အားအရင်းအမြစ်တွေ ပြည်ပကို ထွက်နေတာကို စိစစ်ရမယ်ဆိုတဲ့ ညွှန်ကြား ချက်တွေ ထွက်ပါတယ်။ ရွာတွေမှာ လယ်စိုက်မယ့်လူတောင် မရှိလောက် တော့တဲ့ အထိ ပြည်ပထွက်နေကြတာကို စိစစ်တားဆီးဖို့ ညွှန်ကြားတယ်။ အဲဒါ တွေ က လူကြီးတွေရဲ့ ညွှန်ကြားချက်တွေက ဖြစ်လာတာပါ” ဟု စစ်တပ် သတင်း ရင်းမြစ်က ပြောသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက် ထွက် ခွာနေမှုကြောင့် နောင်တွင် ပြည် တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် NUG ၊ PDF နှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်များကို အဓိက လှူဒါန်းထောက်ပို့နေသူများမှာ ပြည်ပရောက် မြန်မာများဖြစ်ကြောင်း၊ ယင်းအထောက်အပံ့များကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မရပ်တန့်နိုင်ကြောင်း စစ်ကောင်စီက သုံးသပ်ထားပြီး ယင်းထောက်ပံ့မှုကို ဖြတ် တောက်ရန် နည်းလမ်းရှာနေသည်ဟု သိရှိရသည်။

လက်ရှိ ပြည်တွင်းမှ ထောက်ပံ့နေသည့် လမ်းကြောင်းအားလုံးနီးပါး စစ်တပ်က ထိန်းချုပ်နိုင်သော်လည်း ပြည်ပရောက် မြန်မာများ၏ အထောက် အပံ့ နှင့် လှူဒါန်းမှုကို မရပ်တန့်နိုင်သဖြင့် ပြည်ပသို့ ထွက်ခွာ နေမှုများကို စိစစ်တား မြစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း၊ ယင်း ညွှန် ကြားချက်ကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု လုပ်ငန်းများ ရပ်ဆိုင်း သည်အထိ သက်ရောက်မှုရှိလာကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ် ပြန်တော့ထုတ်ပေးဖို့ရှိပါတယ်။ ဒါပေမယ့် အတော်စိစစ် မယ့် လုပ်ငန်းစဉ်တွေ ထပ်တိုးမယ့်လုပ်ငန်းစဉ်တွေ များတယ်လို့ သိ ရ တယ်။ လျှောက်တိုင်း ခွင့်ပြုတာမျိုးမဟုတ်ဘဲ ခိုင်မာတဲ့အကြောင်း ပြချက် မရှိရင် နိုင်ငံကူးလက်မှတ် မထုတ်ပေး တော့ဘူးလို့ သိရတယ်။ လုပ်ထုံး လုပ်နည်းတွေ ပိုကျပ်မယ်လို့ သိရပါတယ်။ စောင့်ကြည့်ရမှာပဲ” ဟု ပြည်ထဲရေး သတင်း ရင်း မြစ်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံကူးလက်မှတ်များ ရိုက်နှိပ်သည့် လုံခြုံရေး စက္ကူကုန်ကြမ်းများ ပြတ်လပ်နေ၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုများ ယာယီ ရပ်နားထားရကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆက်လက်‌ ပြောဆိုသည်။

“အရေးကြီးကိစ္စ၊ ဝန်ကြီးဌာနအစည်းအဝေး၊ ဌာနဆိုင်ရာတာဝန်နဲ့ သွားတဲ့ နိုင်ငံကူး လက်မှတ် တွေကတော့ အထူးကိစ္စအနေနဲ့ ထုတ်ပေးတယ်။ အဲဒါ တွေ က နိုင်ငံကူးလက်မှတ်အနီမဟုတ်ဘူး။ သာမန် ရိုးရိုးနိုင်ငံ ကူး လက်မှတ် တွေကတော့ ခဏ ဆိုင်းငံ့ထားတယ်။ ဘယ်တော့ ပြန်ရမလဲဆိုတာ မပြော တတ်သေးဘူး။ ဝါဇီမှာ စက္ကူ ပြတ်လပ်တာလည်းပါသလို လူကြီးတွေရဲ့ မူဝါဒ ပေါ်လစီ ကြောင့်လည်း နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတာ ရပ်ထားတာ ” ဟု စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံကူးလက်မှတ် လျှောက် ထား ထုတ်ပေး သည့်ရုံးများအားလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက် ပြီး နိုင်ငံကူး လက် မှတ် ထုတ်ပေးမှု ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဒီဇင် ဘာ တတိ ယ အပတ် မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ရက် အကန့် အသတ်မရှိ ရပ်ဆိုင်းကြောင်း ရုံးတွင်း ကြေညာချက် ထုတ် ပြန် ထား ကြောင်း၊ နိုင်ငံကူးလက်မှတ်ရုံးများတွင်မူ System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ရုံးအား ခေတ္တပိတ်ထားကြောင်း ကြေညာချက်ကို ဆိုင်းဘုတ် ထောင် ကြေညာထားကြောင်း သိရှိရသည်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှုများကို ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းခဲ့ပြီး ထိုသို့ ရပ် ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက် ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံ ရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာ လျှောက် ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article