31.9 C
Yangon

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းရေး ကာကွယ်ရေးဝန်ကြီးဌာနနှင့်ဆွေးနွေး

Must read

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းရေး ကာကွယ်ရေးဝန်ကြီးဌာနနှင့်ဆွေးနွေး

ရန်ကုန်၊ ဇန်နဝါရီ ၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းရေး ကာကွယ်ရေးဝန်ကြီးဌာနနှင့်ဆွေးနွေးကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ် ရေး တပ်မတော် (မန္တလေး) (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)သည် တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က လက်ရှိတွင် လက်နက်အပြည် အစုံတပ် ဆင်ထားပြီး စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း နှစ်သစ်ကူးနေ့တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article