28 C
Yangon

ပွင့်ဖြူနှင့်မင်းဘူး NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနှင့် ဦးဝင်းဝင်း အပါ အဝင် ပါတီဝင်များကို စစ်တပ်က ပစ်ခတ် ရိုက်နှက် ဖမ်းဆီးသဖြင့် အသက် အန္တရာယ် စိုးရိမ်ရ ၊ အမတ်ဦးဝင်းဝင်း ၏ ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် သားသမီး ၃ ဦးပါ အကြမ်းဖက် ဖမ်းဆီးခံရ

Must read

ပွင့်ဖြူနှင့်မင်းဘူး NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနှင့် ဦးဝင်းဝင်း အပါ အဝင် ပါတီဝင်များကို စစ်တပ်က ပစ်ခတ် ရိုက်နှက် ဖမ်းဆီးသဖြင့် အသက် အန္တရာယ် စိုးရိမ်ရ ၊ အမတ်ဦးဝင်းဝင်း ၏ ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် သားသမီး ၃ ဦးပါ အကြမ်းဖက် ဖမ်းဆီးခံရ

ရန်ကုန်၊ ဇန်နဝါရီ ၈

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်တို့မှ ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် များ ဖြစ်ကြသည့် ဦးထွန်းထွန်း၊ ဦးဝင်းဝင်း၊ စလင်းမြို့နယ် NLD အလုပ် အမှုဆောင် ဦးဖိုးကျော်၊ CDM ကျောင်းဆရာ ဦးမြင့်အေးတို့ကို စစ်တပ် က ယ နေ့ ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်း၀ရမ်းထုတ်ထားသူ မကွေးတိုင်း၊ ပွင့်ဖြူ NLD ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးထွန်းထွန်း၊ မင်းဘူး NLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းဝင်းနှင့်မိသားစု၊ စလင်းမြို့ NLD အလုပ်အမှုဆောင် ဦးဖိုးကျော် နှင့် ရေနံချောင်းမြို့မှ CDM ကျောင်းဆရာ ဦးမြင့်အေး တို့ကို ပွင့်ဖြူ မြို့နယ်၊ ရှားတောကျေးရွာတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ လက်ခံထားသူ အိမ်ရှင် ဦးမောင်ညိုကိုပါ တစ်ပါးတည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ပစ်ခတ်ဖမ်းဆီးတာ၊ အလွန်အကျွံရိုက်နှိက်တာတွေ လုပ်ပြီး မျက်နှာတွေကို ပုဝါ စီးလို့ ာ အိမ်ရှင် ဦးမောင်ညို အပါအဝင် ရွာသားများဖြစ်ကြတဲ့ ဦးမောင် ကြိုင် ၊ ကိုထွန်း ၊ ကိုကျော်သူတို့ကိုပါ ဖမ်းသွားတယ်။ ဖမ်းဆီးခံရသူ အား လုံးကို ပွင့်ဖြူမြို့နယ် ရှားတောကျွန်း ကျေးရွာမှမော်တော်ဖြင့် ပေတော ဆိပ်ကမ်းသို့ဆိုက်၍ ဆိပ်ကမ်းမှတစ်ဆင့် ဘယ်နေရာကို ခေါ်ဆောင် သွား တယ် ဆိုတာ မသိရသေးပါဘူး” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မင်းဘူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနှင့်အတူ ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ သားသမီး ၃ ဦးဖြစ်ကြသည့် အသက် ၁၇ နှစ်အရွယ် မောင် သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေး၊ အသက် ၃ နှစ်အရွယ် မောင်လပြည့်ဝင်းတို့ကိုပါ စစ်တပ်က ဖမ်းဆီးသွား ခြင်းဖြစ် ကြောင်း သိရှိရသည်။

ပွင့်ဖြူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း ကိုမူ ယနေ့တွင် ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ကေသီမိုးကို တူမတော်စပ်သူ မနန်းမြတ်မြတ် လှိုင်တို့ကို ယမန်နှစ်ကတည်းက ဦးထွန်းထွန်းကို မတွေ့၍ ဓားစာခံ အဖြစ် စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article