34 C
Yangon

ဖားကန့်၊ မှော်ဆီဇာ တာဝါတိုင်အနီး တပ်စွဲထားသော စစ်တပ် စခန်းကို KIA နှင့် PDF များက တိုက်ခိုက် သိမ်းပိုက် မီးရှို့ဖျက်ဆီး၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ထွက်ပြေးသွား

Must read

ဖားကန့်၊ မှော်ဆီဇာ တာဝါတိုင်အနီး တပ်စွဲထားသော စစ်တပ် စခန်းကို KIA နှင့် PDF များက တိုက်ခိုက် သိမ်းပိုက် မီးရှို့ဖျက်ဆီး၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ထွက်ပြေးသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာတာဝါတိုင်အနီးတွင် တပ်စွဲထား သော စစ်တပ်စခန်းကို ယနေ့ည တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်သားများ အထိအခိုက်အသေဆုံးများစွာဖြင့် ထွက်ပြေးသွားကြောင်း KIA နှင့်နီးစပ်သူသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် မှော်ဆီဇာ တာဝါ တိုင် အတွင်း တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်တပ် တပ်မ ၃၃ လက် အောက် ခံတပ်ဖွဲ့ များကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား အများအပြားသေဆုံးပြီး ဆုတ် ခွာထွက်ပြေးသွားသဖြင့် တပ်စခန်း ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မ တော် KIA ၊ တပ်မဟာ ၉ ၊ အမှတ် ၆ တပ်ရင်း တပ်ဖွဲ့များနှင့် ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်ဖွဲ့တို့ပူပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဖားကန့်မြို့၊တပ်မကုန်းရှိ အကြမ်း ဖက်စစ် တပ်က မှော်ဆီဇာဘုန်းကြီးကျောင်း ပတ်ပတ်လည် နေရာ အနှံ့ ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ ကြောင်း သိရသည်။

“စစ်ခွေးဖက်က ဘယ်လောက် သေတာတော့ မသိသေးဘူး။ သေတာတော့ သေ တယ်။ အရေအတွက် အတိအကျ မသိရတာ။ မသေတဲ့သူတွေလည်း ထွက်ပြေး သွားတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article