30 C
Yangon

ဖြူးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသည့် လောင်းကစားဒိုင် ပျူခေါင်းဆောင် မျိုးဇော်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ကံပေါက်တွင်လည်း ပျူစောထီးဟု သတ်မှတ်ခံရသူ ၂ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရ

Must read

ဖြူးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသည့် လောင်းကစားဒိုင် ပျူခေါင်းဆောင် မျိုးဇော်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ကံပေါက်တွင်လည်း ပျူစောထီးဟု သတ်မှတ်ခံရသူ ၂ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်ကောင်စီနှင့် အကျိုးတူပူးပေါင်း၍ လောင်းက စား ဒိုင်ချုပ်လုပ်နေပြီး စစ်ကောင်စီနှင့် ရဲများကို သတင်းပေးဟု သတ် မှတ် ခံရသည့် ပျူစောထီးခေါင်းဆောင် မျိုးဇော်ဦးကို ဇန်နဝါရီ ၂၅ ရက် နေ့ နံနက် ၄ နာရီခွဲအချိန်တွင် သေနတ်နှင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖြူးမြို့ နယ် PDF က ပြောကြားသည်။

ဖြူးမြို့နယ် PDFက မျိုးဇော်ဦးကို ပေါက်ဇလုတ်ကျေးရွာအုပ်စု၊စက်ကုန်း ကျေး ရွာ၊ခိုင်စိုး (ကျေးရွာအုပ်ချုပ်ရေးမှူး) ၏အစ်ကိုတော်စပ်သူနေအိမ်၌ ပစ်ခတ် ရှင်း လင်း ခဲ့ခြင်းဖြစ်ကြောင်း ဖြူး PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများကို ဒုက္ခပေး နေ သော အကြမ်းဖက် စစ်ကောင်စီဝင်များ၊ ရဲများ၊ ပျူစောထီးများ၊ ဒလန်များ နှင့် လောင်းကစားသမားများကို လုံးဝသက်ညှာခြင်းမရှိ တိုက်ခိုက် သွားမည် ဖြစ်ကြောင်း၊ ယခု တိုက် ခိုက်မှုသည် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့( ဖြူးပကဖ) ၏ အမှန်တရားချစ်သူများအဖွဲ့က နန်းထိုက်အောင်အစိတ်အပိုင်းတစ်ခုအနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး/ပျူအဖွဲ့ဝင်ဟု သတ်မှတ် ခံထားရသူ ခင်စိုးနှင့် လှဌေးတို့ ၂ ဦး တို့ကိုလည်း လက်နက်ကိုင်တချို့က လာရောက်ပစ်ခတ်သဖြင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

“သေနတ်အသံ(၄)၊(၅)ချက်လောက်ဆက်တိုက်ကြားရပါတယ်။ ခဏကြာမှာ အရေးပေါ်ကားနှင့် ဆေးရုံကို လာတင်သွားတယ်။ အသက်ရှင်နေသေးပါတယ်။ ဘယ်အဖွဲ့အစည်းက လာပစ်ခဲ့လည်းဆိုတာ မသိရသေးဘူး”ဟု၎င်းက ပြော သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ယခုသတင်းတွင် ဖော်ပြထားသော စစ်တပ်သ တင်းပေး ဖြစ်သည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်၍ မြေပြင် အခြေ အနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article