34 C
Yangon

ဘီးလင်းတွင် စစ်သားများ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု သေ ဆုံးထိခိုက် မှုများပြား၊ မင်းလှတွင် စစ်တပ် စစ် ကြောင်း ကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ဘီးလင်းတွင် စစ်သားများ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု သေ ဆုံးထိခိုက် မှုများပြား၊ မင်းလှတွင် စစ်တပ် စစ် ကြောင်း ကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာအနီးရှိ အမြောက်တပ်အတွင်း အကြမ်းဖက်စစ်သားများ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ကြောင်း Hawk Revolutionary Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဇီးဝန်းကျေးရွာအနီးရှိ အမှတ် ၃၁၄ အမြောက် တပ်အတွင်း၌ အကြမ်းဖက်စစ်သားများ လူစုပြီး ဘောလုံး ကန်နေကြောင်း တပ်တွင်းသတင်းပေးချက် အရ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲ ချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်မှုကြောင့် အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရသေဆုံးနိုင်ကြောင်း သိရသည်။

“တပ်တွင်း ဖရဲသီးသတင်းပေးချက်အရ ဗုံးသီး ၄ လုံးချခဲ့တာ၊ ဘောလုံးကွင်း အတွင်းမှာ စုဝေးနေချိန်ဖြစ် လို့ အများအပြားထိခိုက်သေဆုံးမှုရှိနိုင်တယ်၊ စစ်ခွေး တွေဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်တာတွေလုပ် ခဲ့လို့ ည ၇ နာရီ လောက်မှာလည်း ဗုံးသီး ၃ လုံး ထပ်ကျဲခဲ့သေးတယ်၊ စစ်ခွေးတွေ ထိခိုက် သေဆုံးမှုအတိ အကျ အတည်ပြုမရသေးဘူး” Hawk Revolutionary Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad –HRS ၊ KNLA တပ်ရင်း ၂ ၊ တပ်ခွဲ ၃ တို့ပူးပေါင်း ကာ ၆၀ မမဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင် ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်​ စစ်ကြောင်း ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း SM PDF တပ်ဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် အထက် မင်းလှမြို့နယ် ရှမ်းတပ်​ ကျေးရွာများအတွင်း စစ်ကြောင်း ထိုးလာ​သော အင်အား ၁၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မကွေးတောင်ပိုင်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ (SMPDF)၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (UMHPDF)၊ အရှိုချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF)နှင့် KEY OF REVOLUTION – ပြောက်ကျားတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Southern Magway People’s Defense Force Magway တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ဘီးလင်းတွင် စစ်သားများအပေါ် ကျဲချသော ဒရုန်းဗုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article