31.9 C
Yangon

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနှင့် ခလောက်အင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနှင့် ခလောက်အင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနှင့် ခလောက်အင်း ကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ရွှေရောင်ပြကျေးရွာနှင့် ခ လောက် အင်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ခလောက်အင်း ကျေးရွာ အနီးတွင် ၁၂၀ မမ ၃ လုံး၊ ရွှေရောင်ပြကျေးရွာအနီးတွင် ၆၀ မမ ၂ လုံး ကျ ရောက်ခဲ့ကြောင်း သိရှိရသည်။

“ရွှေရောင်ပြမုဒ်ဦး အနား ကျောက်ခွဲစက်အနားမှာ ကားနဲ့လာပစ်သွားတာ။ ဘယ် တပ်ရင်းပစ်လဲ အတိအကျ မသိရသေးဘူး။ ရွာသားများစ်ုက်ပျိုးထားသော ရာဘာပင် နဲ့အခြားအပင်တွေပျက်စီးတာ ရှိပါတယ်။ ရွာထဲထိလက်နက်ကြီးစ များ လာရောက်ခဲ့ပေမယ့်လူသေဆုံးထိလိုက်မှုတော့မရှိခဲ့ပါဘူး” ဟု ဒေသ သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ ပြည်သူပိုင် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ အရှိန်မြှင့်လုပ်ဆောင်လာသဖြင့် ဒေသပြည်သူများစွာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article