31 C
Yangon

ဘီးလင်းရှိ ခလရ ၈ ၊ ခမရ ၃ တပ်ရင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းများကို တစ်နေ့ တည်း တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

Must read

ဘီးလင်းရှိ ခလရ ၈ ၊ ခမရ ၃ တပ်ရင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းများကို တစ်နေ့ တည်း တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ် ဘီလင်းမြို့တွင် ဇန်နဝါရီ ၁၈ ရက်နေ့ တစ်နေ့တည်း အကြမ်းဖက် စစ် ကောင်စီ ၏ ခလရ ၈ တပ်ရင်း၊ ခမရ ၃ တပ်ရင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းများ ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း Hawk Revolutionary Squad – HRS က ပြောသည်။

ဘီးလင်းမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်အချိန်တွင် ၆၀ မမ ဗုံးသီးများနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို ဗုံးသီး ၃ လုံး၊ ထွေအုပ်ရုံးကို ဗုံးသီး ၁လုံးဖြင့်တိုက်ခိုက်ခဲ့ရာကြောင်း၊ ရဲစခန်းရှိ ရဲ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်မှလည်း လက်နက်ငယ်၊ လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) နှင့် KNLA တပ်ရင်း၂ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ၃ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးကို တိုက်ခိုက်မှုတွင် အဆောက်အအုံထိခိုက်ပျက်စီးသွားကြောင်း၊ ဘီးလင်းထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခြင်းမှာ ရွေးကောက်ပွဲအတွက် ဒေါက်တိုင်များအဖြစ် ပါဝင်နေ၍ ပဏာမ သတိပေးခြင်းမျှသာ ဖြစ်ပြီး စစ်ကောင် စီ အလိုကျဆက်လုပ်နေပါက ပြင်းထန်စွာ ဆက်လက် တိုက်ခိုက် ချေမှုန်းသွားမည်ဟု သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ၏ ခလရ ၈ တပ်ရင်းကိုမူ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန် တွင် ပူးပေါင်း တပ်များက ဗုံးသီး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ တပ်ရင်း ဝင်း အတွင်းသို့ ဗုံးသီးအားလုံးထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ ကင်ပုန်းဝပ်နေသည့် စစ် ကောင်စီတပ်ဖွဲ့ ဝင်များက လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်၍ ပူးပေါင်း တပ်ဖွဲ့မှ ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင်မူ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ အခြား ထိ ခိုက် မှုများ လည်း ရှိကြောင်း၊ စစ်ကောင်စီ၏ ကင်းပုန်းကို ပစ်ခတ်မှုတွင်မူ ထိ ခိုက် မှုကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

ထို့အတူ ယမန်နေ့ ညနေ ၅ နာရီ ၂၇ မိနစ်အချိန်တွင် ဘီးလင်းမြို့ ကဇိုင်းဆည် အနီးရှိ စစ်ကောင်စီ၏ ခမရ ၃ တပ်ရင်းကို ပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီး ၃ လုံးဖြင့် ထပ် မံတိုက်ခိုက်ခဲ့ပြီး တပ်ရင်းအတွင်း အစည်းအဝေးလုပ်နေချိန် ဗုံးသီးများ ထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း၊ ရှေ့တန်းထွက်မည့် အရာ ခံဗိုလ် ၃ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း KNLA ၊ HRS ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်ဧပြီလအတွင်း မုခ်ဦးပြိုကျခဲ့သော မွန်ပြည်နယ်၊ ကျိုက်ထို မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ-၉၆ အဝင်အ၀ ။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article