29 C
Yangon

ဘုတလင်တွင် စစ်တပ်က အသက် ၇၀ အရွယ် သက်ကြီးရွယ်အို လင်မယား ၂ ဦးကို မီးရှို့သတ်ဖြတ်ပြီး အသက် ၃၀ အရွယ် လူငယ် ၁ ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်

Must read

ဘုတလင်တွင် စစ်တပ်က အသက် ၇၀ အရွယ် သက်ကြီးရွယ်အို လင်မယား ၂ ဦးကို မီးရှို့သတ်ဖြတ်ပြီး အသက် ၃၀ အရွယ် လူငယ် ၁ ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ကျေးရွာမှ သက်ကြီးရွယ်အို လင်မယား ၂ ဦး၊လူငယ် ၁ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တပ်က ဘုတလင်မြို့နယ် ရွှေတောင်ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး သက်ကြီးရွယ်အို လင်မယား ၂ ဦးကို မီးရှို့သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် အသက် ၃၀ အရွယ် လူငယ် ၁ ဦးကိုမူ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကြောင်း သိရှိရသည်။

“မနက်ခင်း ၉နာရီမှာ စစ်တပ်က ရွာထဲဝင်တယ်။ အသက်၇၀ကျော်အဘိုးအဘွား ၂ ဦးကို မီးရှို့ သတ်ဖြတ်သွားပါတယ်။ အသက် ၃၀ အရွယ်လူငယ်ကိုတော့ စစ်တပ်က ဖမ်းခေါ်သွားပြီး ရွာအပြင် ပြောင်းခင်းထဲမှာ နှိပ်စက်ပြီးသတ်ထားခဲ့ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်.

စစ်ကောင်စီက အင်အား ၆၅ ဦးဖြင့် ရွှေတောင်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article