27 C
Yangon

ဘုရားသုံးဆူဘက်သို့ စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စက်သေနတ် ၁ လက်သိမ်းဆည်းရမိပြီး တိုက်ပွဲ ဆက်လက် ပြင်း ထန်

Must read

ဘုရားသုံးဆူဘက်သို့ စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စက်သေနတ် ၁ လက်သိမ်းဆည်းရမိပြီး တိုက်ပွဲ ဆက်လက် ပြင်း ထန်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ဘက်သို့ စစ်ကူ လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို Lion Battalion Commando ဦးဆောင်သော မဟာမိတ်တပ်များ ပူးပေါင်း တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ကြောင်း သိရှီရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ကရင်ပြည်နယ် ၊ ဘုရားသုံးဆူ နှင့် ကြာအင်းဆိပ်ကြီး မြို့ အကြားစစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက် အောက် ခံ တပ်ကို KTL Army ၏ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းနှင့် မဟာမိတ်ပူပေါင်း တပ်ဖွဲ့များ က အနီးကပ် တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

ယနေ့တိုက်ပွဲဖြစ်စဉ်မှာ ကျုံဒိုး – ညောင်ရိပ်သာ ဒေသ သို့ ကျူးကျော်ဝင်ရောက် လာ သော စစ်ကောင်စီ၏ တပ်မ ၄၄ လက် အောက်ခံ တပ်များ နှင့် ပြည်သူ့ ကာကွယ် ရေး တပ်မတော် အပါအဝင် မဟာမိတ် ပူးပေါင်းစစ်ကြောင်းများ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၃ ဦးသေဆုံးပြီး စစ်သား ၅ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း၊ စက်လက် MA 2 တစ်လက်

သိမ်းယူရရှိထားကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်း ထံမှ သိရှိရသည်။

လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်းနှင့် အကြမ်းဖက်စစ် ကောင်စီမှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်နေသည့်ကြားမှ အထိအခိုက် မရှိဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဒေသပြည်သူတစ်ဦးကမူ “အခု ကျုံဒိုးကမ်းနီ တိုက်ပွဲဖြစ်နေတာ။ ညက တစ် လုံး လက်နက်ကြီးတွေပစ်တယ်။ အခုလည်း ပစ်နေတယ်”ဟု ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article