32.1 C
Yangon

ဘောလခဲမြို့နယ်၊ မယ်စလောင်းတောင်ကုန်းရှိ စစ်တပ်စခန်းကို ကရင်နီတပ် ပေါင်းစု က သိမ်းပိုက်၊ စစ်သား ၅ ရုပ်အလောင်းများနှင့် လက်နက် ၁၁ လက်နှင့် ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ

Must read

ဘောလခဲမြို့နယ်၊ မယ်စလောင်းတောင်ကုန်းရှိ စစ်တပ်စခန်းကို ကရင်နီတပ် ပေါင်းစု က သိမ်းပိုက်၊ စစ်သား ၅ ဦးရုပ်အလောင်းများ၊ လက်နက် ၁၁ လက်နှင့် ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကရင်နီပြည်နယ်ဘောလခဲမြို့နယ်၊ မယ်စလောင်းတောင်ကုန်းရှိ စစ်တပ်စခန်း ကို ကရင်နီ တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး စစ်သား ၅ ဦးရုပ်အလောင်း များ နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်မှစတင်၍ ကရင်နီပြည် နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်း ပေါ်တွင် အခိုင်အမာတပ်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း ကို Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့က ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊

နံ နက် ၉ နာရီခွဲအချိန် တိုက်ပွဲပြီးဆုံးခဲ့ပြီး စစ်ကောင်စီ၏ မယ်စလောင်း တောင် စခန်းကုန်းကို ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတွင် စစ်ကောင်စီ တပ် ဖွဲ့ ဝင် ၅ ဦး၏ ရုပ်အလောင်းများ ရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဥ် ၁ စီး ဖြင့် ၃ ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ပြီး ဘောလခဲမြို့ အခြေစိုက် တပ် များ ကလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ ကြောင်း၊ သို့သော်လည်း အဆိုပါစခန်းကုန်းကို ကရင်နီပူပေါင်းတပ်များက သိမ်းပိုက် မီးရှို့ ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ မယ်စလောင်းတောင် စခန်းကို သိမ်းပိုက်ပြီးနောက် ၆၀ မမ စိန် ပြောင်း ၂ လက် ၊ RPG ၁ လက် ၊ MA-1 ၁ လက် ၊MA -2 ၁ လက် ၊ MA-3 ၁ လက် ၊ MA-4 79 တွဲ ၁ လက် ၊ 9mm ၁ လက် ၊ ငါးကြင်းမြီး ၁ လက် ၊ စနိုက်ပါ ၁ လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံး အဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

မယ်စလောင်းတောင်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင် နီ တပ်မတော် (KA) မှ ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ ဘောလခဲ မြို့နယ် အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ် ယူထား သော အကြမ်းဖက်စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းကို ချေမှုန်း သိမ်းပိုက်နေချိန် KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ် စခန်းအချို့အကို ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မပြုနိုင်ဘဲ ကရင်နီပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုတစ်စုံတစ် ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article