33 C
Yangon

မကွေးတိုင်းတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း ကောက်ယူနေသော သရက်မြို့နယ်နှင့် မင်းတုန်းမြို့နယ် လဝကရုံးတို့ကို မိုင်းခွဲတိုက်ခိုက်

Must read

မကွေးတိုင်းတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း ကောက်ယူနေသော သရက်မြို့နယ်နှင့် မင်းတုန်းမြို့နယ် လဝကရုံးတို့ကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ သရက်မြို့နှင့် မင်းတုန်းမြို့တို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လဝကရုံးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်တပ်ဖွဲ့မှ သတင်းနှင်ပြန်ကြားရေးတာဝန်ခံကို မြတ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် သရက်မြို့ လဝကရုံးကိုလည်းကောင်း၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၄ နာရီ ၅ မိနစ်နှင့် ၄ နာရီ မိနစ် ၂၀ တို့တွင် မင်းတုန်းမြို့လဝက ရုံးကို နှစ်ကြိမ် သရက်-ကံမ- မင်းတုန်း ပကဖ ပူးပေါင်းထားသည့် Eagle Force တပ်ဖွဲ့မှ အဝေးထိန်း မိုင်းများ ဖြင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သရက်က တစ်လုံးပဲ၊ မင်းတုန်းက ၃ လုံးခွဲဖို့လုပ်တာ တစ်လုံးက Error တက်သွားလို့ ၊ သရက်ရုံးက ပြတင်းမှန်ကွဲတယ်၊ မင်းတုန်းရုံးက အမိုးလန်ပျက်စီးသွားတယ်၊ သူက ရဲစခန်းနဲ့လည်းနီးတယ်၊ ဖောက်ခွဲ မှုမလုပ်ခင်အထိတော့ စစ်ခွေးတွေ အစောင့်ချထားတာမရှိသေးဘူး။ သူတို့ရုံးဝန်ထမ်းအစောင့်ပဲရှိတယ်” လင်းယုန်တပ်ဖွဲ့မှ သတင်းနှင်ပြန်ကြားရေးတာဝန်ခံကို မြတ်က ပြောဆိုသည်။

တရားမဝင်အာဏာလုယူထားပြီး လူသတ်အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင်အတုအ ယောင် ရွေးကောက်ပွဲဖြင့် လှည့်ဖျားကာ နိုင်ငံရေးထွက်ပေါက် ရှာနေသည့် အကြမ်းဖက်စစ်ကောင်စီကို ပြည်သူများအနေဖြင့် တခဲနက် ဆန့်ကျင်ကြရန် Eagle Force တပ်ဖွဲ့က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article