37 C
Yangon

မကွေး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတို့တွင် စစ်တပ်က အမျိုးသမီး ၂ ဦး အပါ အဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်

Must read

မကွေး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတို့တွင် စစ်တပ်က အမျိုးသမီး ၂ ဦး အပါ အဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မကွေး၊ မြိုင်မြို့နယ်၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ပုလော မြို့နယ် တို့တွင် စစ်တပ်က အမျိုးသမီး၂ ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာကို အကြမ်းဖက် စစ်တပ်က လက် နက် ကြီး များ ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကိုင်းတောမရွာမှ အမှတ် ၂ စက်မှု ဝန်ကြီးဌာန မြိုင် စက်ရုံသို့ ရေပေးပို့သည့် ရေစက်တွင် အစောင့်ချ ထား သော စစ်သားများက ကိုင်းတောမရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် ကိုင်းတောမရွာမှ အမျိုးသမီးတစ်ဦး‌ သေဆုံးခဲ့ရခြင်းဖြစ်သည်။

အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ် ခတ် မှု ကြောင့် ကယားပြည်နယ်၊ မိုးဗြဲမြို့နယ်၊ ကောင်းဆောင်ရွာမှ ပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် မိုးဗြဲမြို့နယ်၊ ကောင်းဆောင် ရွာ၌ နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒုန်းဒူထန်ရွာမှ စစ်ဘေးရှောင် လာ သည့် အသက် ၃၃ နှစ်အရွယ် ဒေါ်မူလင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကောင်း ဆောင် ရွာကို နှစ်ဆင့်ကွဲ အမြောက်များဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးလည်း အပြင်း အထန် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF (၁၀၀၁) တပ်ရင်း၊ ဗဟိုနှင့်သတင်းပြန်ကြားရေးဌာန ထံမှသိရသည်။

ထို့အတူ ဇန်နဝါရီ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင်မူ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက လည်လှီးသတ်ဖြတ်၍ ရွှေဆွဲကြိုးကို လုယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က သတ်ဖြတ်လိုက်သူမှာ အသက် ၃၃ နှစ်အရွယ် ကိုလင်းလင်းဝေ (ခ) ဘူး ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်း ရွာထဲသို့ ဝင်လာချိန်တွင် အသတ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုလင်းလင်ဝေသည် ရေလုပ်သားတစ်ဦးဖြစ်ပြီး ပင်လယ် မှ ပြန်ဝင်လာချိန်တွင် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း‌ ဒေသခံများက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်း အနီး တွင် လည်း ဇန်နဝါရီလ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး လယ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ် အင်အား ၅၀ ခန့် သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရောက်ရှိလာသည်ဟုဆိုကာ ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်ပန်း-တီ ကျစ်-ပင်လောင်းလမ်းကိုပိတ်ခဲ့ကြောင်း၊ ည ၈ နာရီ ဝန်းကျင် ပင်လောင်းမြို့ နယ် တီကျစ်ကျေးရွာမှ ၃ မိုင်ခန့်ကွာဝေးသော အောင်ပန်း- ပင်လောင်းလမ်းမကြီးပေါ်မှ နေ၍ ဘုရားဖြူကျေးရွာဘက်သို့ မည် သည့်တိုက်ပွဲမှမရှိဘဲ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ် ခတ် မှုကြောင့် အနီးရှိ နန်းဆောင်ကျေးရွာမှ လယ်ရေသွင်းရန် လယ်ကွက်သို့ သွား ရောက်ကာ ပြန်လာသော လယ်သမားတစ်ဦး ခြေထောက်တွင် လက်နက် ထိ မှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပင်လောင်းဆေးရုံသို့ ပို့ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၇ ရက် ည ၉နာရီခွဲဝန်းကျင်အချိန် အောင်ပန်း-တီ ကျစ်-ပင် လောင်း လမ်းအတိုင်း ကားမောင်းလာခဲ့သည့် ပင်လောင်းမြို့နယ် မွေးပြင်ကျေးရွာအုပ်စု ကင်မွန်း ချူံကျေးရွာမှ ရွာသားတစ်ဦးကို စစ်တပ်က စစ်ဆေးရေးဂိတ်တွင် ကား ရပ်တန့်ခိုင်းပြီး ယာဉ်မောင်းကို ပစ်ခတ်ကြောင်း၊ ယာဉ်မောင်းသည် ဝမ်းဗိုက်အောက် အူမကြီး ထိမှန်ဒဏ်ရာဖြင့် ပစ်ခတ် ခံရသည့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်တပ်က ပစ်သတ်လိုက်သော ယာဉ်မောင်း၏ အလောင်းကို မိသားစုထံသို့ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ဇန်နဝါရီ၈ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပင် လောင်း သုသန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article