28 C
Yangon

မင်းကင်းမြို့နယ်၊ မတောရွာနှင့် လက်ပံဆိပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက် ဆီး နေပြီး ဘုန်းကြီးကျောင်းမပါကျန် မီးတင်ရှို့နေ

Must read

မင်းကင်းမြို့နယ်၊ မတောရွာနှင့် လက်ပံဆိပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက် ဆီး နေပြီး ဘုန်းကြီးကျောင်းမပါကျန် မီးတင်ရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာနှင့် လက်ပံဆိပ်ကျေးရွာကို စစ် တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်တပ်က စစ်ကြောင်းထိုး၍ ကျေးရွာများအတွင်းသို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကျေး ရွာထဲရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ရုံသာမက ဘုန်းကြီး ကျောင်း ပါမကျန် မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဒီနေ့ နံနက်ခင်း ၁၀ နာရီမှာ လက်ပံဆိပ်ရွာကို စစ်တပ်က မီးစရှို့တယ်ဗျ။ နေ့လယ် ၁၂နာရီလောက်ရောက်တော့ မတောရွာကို စစ်တပ်က မီးထပ်ရှို့တယ်။ ဘုန်းကြီးကျောင်းပါကိုမချန်ဘူး။ အကုန်ရှို့နေတယ်။ ရွာသားတွေကတော့ စစ်သားတွေ ရွာထဲက မထွက်သေးတော့ ရွာထဲမဝင်ရဲသေးဘူး။ ရွာထဲမှာ အပျက်အစီး အတိကျတော့မပြောနိုင်သေးဘူး” ဟု မတောရွာ ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိတွင် ကျေးရွာ ၂ ခုလုံးမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article