28 C
Yangon

မင်းလှတွင် စစ်ကြောရေးတာဝန်ခံ၊ စရဖ တပ်ကြပ်ကြီး ချစ်ကို မူးယစ်ရမ်းကား သောင်းကျန်းပြီး ပြည်သူများကို ရိုက်နှက်၊ ရဲတပ်သား မောင်ခိုင်ပါ အရိုက်ခံရ ပြီး ဒဏ်ရာရသဖြင့် စစ်တပ်နှင့်ရဲ အခြေအနေတင်းမာ

Must read

မင်းလှတွင် စစ်ကြောရေးတာဝန်ခံ၊ စရဖ တပ်ကြပ်ကြီး ချစ်ကို မူးယစ်ရမ်းကား သောင်းကျန်းပြီး ပြည်သူများကို ရိုက်နှက်၊ ရဲတပ်သား မောင်ခိုင်ပါ အရိုက်ခံရ ပြီး ဒဏ်ရာရသဖြင့် စစ်တပ်နှင့်ရဲ အခြေအနေတင်းမာ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောရေးတာဝန်ခံလည်းဖြစ် စစ်ဘက် ရေးရာ လုံ ခြုံရေး(စရဖ) တပ်ကြပ်ကြီးလည်းဖြစ်သူ ချစ်ကိုသည် မူးယစ် ရမ်း ကား သောင်းကျန်းပြီး ပြည်သူများကို ရိုက်နှက် အနိုင်ကျင့်မှုများ လုပ် ဆောင် နေသည့်အပြင် မင်းလှမြို့ရဲစခန်းမှ ရဲတပ်သား မောင်ခိုင်ကိုပါ ရိုက်နှက်သဖြင့် ရဲတပ်သား မောင်ခိုင် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မင်းလှမြို့တွင် စရဖ တပ်ကြပ်ကြီး ချစ်ကိုသည် နိုင်ငံရေးအကျဥ်းသားများနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကြောရေးတာဝန်ယူထားရသူဖြစ်ပြီး ဖမ်းဆီး လာသော နိုင်ငံရေး အကျဥ်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်သဖြင့် နာမည် ကြီးသူဖြစ်ကြောင်း ၊ ချစ်ကိုသည် အရက်သေစာ သောက် စားသူဖြစ်ပြီး အရက်မူး လာသည့် အခါတိုင်း လမ်းတွင် တွေ့သမျှ ပြည်သူ များကို ရိုက်နှက်ခြင်း၊ ဆိုင်ကယ်များကို တားဆီး၍ လက်နက်ပြ ခြိမ်း ခြောက် ငွေကြေး တောင်းခံ ရမ်းကားခြင်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိ ရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ည ၉ နာရီအချိန် စရဖ တပ်ကြပ်ကြီး ချစ်ကိုသည် မင်း လှမြို့နယ် အမှတ် ၈ လမ်းဆုံးတွင် သောက်စား မူးယစ်ပြီး လာသမျှ ဆိုင်ကယ်၊ ကား ၊ လူများကို ဆဲဆို၍ ပါးရိုက်ခြင်း၊ သေနတ်ပြ ခြိမ်းခြောက်ခြင်း ၊ ဆက် ကြေး ကောက်ခံခြင်းများ ပြုလုပ်ကြောင်း၊ ထိုအချိန်တွင် ရဲတပ်သား မောင်ခိုင် သည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာစဉ် စရဖ ချစ်ကိုက အကြောင်းမဲ့ ရိုက်နှက်သဖြင့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

” မနေ့ည ၉ နာရီအချိန် မင်းလှမြို့အမှတ် ၈ လမ်းမဆုံမှာ စရဖ ချစ်ကိုက သောက်စားမူးရူးပြီး ပါးစပ်ကအဆဲမျိုးစုံဆဲတယ်။ လမ်းသွားလမ်းလာများအား တားဆီး၍ ကားတွေ့လျှင် ကားပေါ်မှဆင်းခိုင်းပြီး ကားပေါ်ပါသူတွေကို ပါးရိုက် တယ်။ ကျူရှင်မှပြန်လာတဲ့ အသက်မပြည့်တဲ့ ကျောင်းသား၊ ကျောင်း သူတွေ အပါအဝင် အားလုံးကို ဝါးရင်းတုတ်နဲ့ လိုက်ရိုက်တယ်။ အဲဒီအချိန်မှာ အ ရပ် ဝတ်နဲ့လာတဲ့ ရဲတပ်သားမောင်ခိုင်ကို ချစ်ကို က ရိုက်တယ်။ မောင်ခိုင်က ကျွန်တော် ရဲ ပါ လို့ပြောတာတောင် အသားကုန်ရိုက်တာ။ ရဲတပ်သား မောင် ခိုင် မှာ ဒဏ်ရာတွေ အတော်များများ ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

စရဖ ချစ်ကို၏ ရိုက်နှက်မှု ကြောင့် ဒဏ်ရာရရှိသွားသော ရဲတပ်သား မောင်ခိုင် က စခန်းသို့ ပြန်၍ စရဖ၏ ရိုက်နှက်မှု ခံရကြောင်း ရဲတပ်သားများကို ပြောပြရာ ရဲစခန်းအတွင်းမှ ရဲများက လက်နက်ကိုယ်စီ ကိုင်ဆောင်၍ စရဖချစ် ကိုနှင့် အ ဖွဲ့ ကို ပစ်ခတ်ရန် ထွက်လာစဉ် စခန်းမှူးက ရဲစခန်း တံခါးပိတ်ပြီး တားဆီး ခဲ့ကြောင်း သိရှိရသည်။

“စရဖရုံးစစ်ကြောရေးစခန်းက လဝကရုံးဘေးမှာ။ လဝကရုံးမှာလည်း ရဲအ စောင့် တွေရှိတော့ စရဖ ချစ်ကိုက ရဲတပ်သားမောင်ခိုင်ကို ရိုက်နှက် အနိုင် ကျင့်တာကို ပြန်ကြားကြတော့ အားလုံးဒေါသထွက်ကြတယ်။ သေနတ် တကား ကား တောက်တခေါက်ခေါက်ဖြစ်နေကြတယ်။ အခြေအနေကတော့ ရဲနဲ့စစ်တပ်နဲ့ တင်းမာနေကြတာ” ဟု ရဲသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

မကွေးတိုင်းတွင် စစ်တပ်က ရဲများကို အနိုင်ကျင့် ဖိနှိပ်မှုများ များစွာရှိနေသဖြင့် စစ်တပ်နှင့်ရဲများအကြား မကြာခဏ ဆိုသလို ပြဿနာများဖြစ်ပွားလေ့ ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးနေသည့် အကြမ်းဖက် စစ်တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article