31 C
Yangon

မင်းအောင်လှိုင်က နိုင်ငံရေးပါတီ ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်ပြီး တင်းကျပ်မှုများ ထည့်ထား၍ ပါတီ အများစု ပယ်ဖျက်ရမည့်အခြေအနေရှိ၊ ကြံ့ဖွတ်ပါတီတစ်ခုတည်းသာ ရပ်တည်နိုင်ရန် ရည်ရွယ် ပုံရဟုဆို

Must read

မင်းအောင်လှိုင်က နိုင်ငံရေးပါတီ ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်ပြီး တင်းကျပ်မှုများ ထည့်ထား၍ ပါတီ အများစု ပယ်ဖျက်ရမည့်အခြေအနေရှိ၊ ကြံ့ဖွတ်ပါတီတစ်ခုတည်းသာ ရပ်တည်နိုင်ရန် ရည်ရွယ် ပုံရဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆

အကြမ်းဖက် မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီ များ မှတ်ပုံ တင် ခြင်း ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်ပြီး တင်းကျပ်မှုများစွာ ပါဝင်၍ နိုင်ငံရေးပါတီ အများစု ပယ်ဖျက် ရမည့်အခြေအနေ ဆိုက် ရောက် သွားကြောင်း ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ဥပဒေတွင် တင်းကျပ် မှုများစွာ ထည့်သွင်းလိုက်ရာ ဥပဒေပုဒ်မ ၅ (စ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး ၁ သိန်း ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်၊ တိုင်းဒေသ ကြီး/ ပြည်နယ် အတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုသည့်နေရက်မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် ပေးရမည်ဟု ပြဋ္ဌာန်း ထားသည်။

“အရင်တုန်းက ပြည်ထောင်စုတစ်ဝန်းလုံး ပါတီဆိုရင် ပါတီဝင် ဦးရေ ၁၀၀၀ အနည်းဆုံး စည်းရုံးရမယ်။ တိုင်းဒေသကြီး/ပြည်နယ်ကို အခြေပြုတဲ့ ပါတီ ဆိုရင် ပါတီဝင်ဦးရေက အနည်းဆုံး ၅၀၀ ပဲ သတ် မှတ်ထားတယ်။ အခုကတော့ ပြည်ထောင်စု တစ်ဝန်းလုံးဆိုရင် ပါတီဝင် ၁ သိန်းကို ရက်ပေါင်း ၉၀ အတွင်း စည်း ရုံးရမယ်ဆိုတော့ ဒါက ကြံ့ခိုင်ရေးပါတီနဲ့ NLD လိုပါတီကြီးတွေပဲ ရပ် တည် နိုင်မှာပေါ့။ စထူထောင်တဲ့ပါတီက ဘယ်လိုလုပ် ပါတီဝင် ၁ သိန်းရ မတုန်း” ဟု ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် မြန်မာ့စီးပွားရေး ဘဏ်တွင် ပါတီရန်ပုံငွေ ဘဏ်စာရင်း ဖွင့်လှစ် ခိုင်းသည့် ပြဋ္ဌာန်းချက် အသစ်ပါဝင်လာပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံး မည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးကို စည်းရုံး မည့်ပါတီဖြစ်ပါက ပါတီ ရန်ပုံငွေ သိန်း ၁၀၀ ကိုလည်းကောင်း ငွေစာရင်းဖွင့်လှစ်ထားသည့် အထောက်အထား တင်ပြရမည်ဟု ဖော်ပြထားသည်။

“အဲဒါက အသစ်ပဲ။ ပါတီရန်ပုံငွေ ကိစ္စ အရင် နိုင်ငံရေးပါတီ ဥပဒေ အဟောင်း မှာ မပါဘူး။အခုက တော့ အသစ်မှာ ပြည်ထောင်စု တစ်ဝန်းလုံး အခြေခံတဲ့ ပါတီ ဆိုရင် သိန်း ၁၀၀၀ ဆိုတော့ ငွေကြေး ချမ်းသာတဲ့သူနဲ့ နိုင်ငံရေးသမားနဲ့ ပေါင်းပြီး လုပ်ရမယ့်သဘောမျိုး မြင်ရတယ်။ အခုရှိနေတဲ့ ပါတီတွေ ဒီအချက် ကြောင့်လည်း ပျက်နိုင်တယ်။ မပျက်ရင်လည်း ငွေနဲ့ လိုက်အဝယ်ခံရနိုင်တယ်” ပြည်တွင်း နိုင်ငံရေးသမားက ဆိုသည်။

ထို့ပြင် မင်းအောင်လှိုင် ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ် ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီ ရုံးခန်း ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တွင်သာ အခြေခံ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အခြေပြုသည့် တိုင်းဒေသကြီး/ ပြည် နယ်တွင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ် မည်ဖြစ်ကြောင်း ဝန်ခံချက် ပေးရမည်ဟု ဖော်ပြထားသည်။

အဆိုပါ ပါတီရုံးခန်းဖွင့်လှစ်ရမည့် ပြဋ္ဌာန်းချက်မှာ ယခင် နိုင်ငံရေးပါတီ မှတ်ပုံ တင် ခြင်း ဥပဒေ တွင် ပါဝင်ခဲ့ခြင်းမရှိသော ပြဋ္ဌာန်းချက်ဖြစ်ပြီး ပြည်ထောင်စုကို အခြေခံသော နိုင်ငံရေးပါတီအနေဖြင့် ရက် ပေါင်း ၁၈၀ အတွင်း အနည်းဆုံး နိုင်ငံ တစ်ဝန်း ရုံးပေါင်း ၁၆၅ ရုံး ဖွင့်လှစ်ရမည်ဟု ဥပဒေ အသစ် တွင် ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးပါတီပဲ အားသာအောင် လုပ်တဲ့ ပြဋ္ဌာန်းချက်လို့ပဲ မြင်ပါတယ်။ NLD ကတော့ ဒီရွေး ကောက် ပွဲမှာ ပါလာမှာ မဟုတ်တာသေချာတယ်။ ကြံ့ခိုင်ရေးကို မယှဉ်နိုင်အောင် ဒီလိုတွေ တင်း ကျပ်တယ်လို့ထင်တယ်။ ပြီးမှ လွှတ်တော် တွေပေါ်မှ ဒီဥပဒေကို ပြန်ပြင်တာမျိုး လုပ်နိုင်တယ်။ အခု လာမယ့် ရွေး ကောက် ပွဲမှာ ကြံ့ခိုင်ရေးပါတီ နိုင်အောင် ဥပဒေနဲ့ အခြားပါတီတွေ အလိုလို ပျက် ပြယ် သွားအောင် လုပ်လိုက်တယ်လို့ မြင်တယ်။ မာရသွန်ပြိုင်ပွဲမှာ ပြိုင်ဘက် အားလုံးကို ခြေထောက် ကြိုး တုပ်ပြီး သူတစ်ယောက်တည်း ပြေးဖို့ ကြံတဲ့ ပက်စက်တဲ့ အကြံပေါ့” ဟု ပြည်တွင်း ဝါရင့်နိုင်ငံ ရေး သမားက သုံးသပ် ပြောဆိုသည်။

ဓာတ်ပုံ- ရွှေစလွယ်နှင့် သမ္မတရူး ရူးနေသော မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article