28 C
Yangon

မင်းအောင်လှိုင်က ရေဒီယိုနှင့်ရုပ်သံလိုင်းများအားလုံးတွင် သီတဂူ၏ အပြင် အောင် ခြင်းရှစ်ပါး၊ အတွင်း အောင်ခြင်း ရှစ်ပါး တရားကို ယတြာအဖြစ် ထုတ် လွှင့်ခိုင်း၊ တစ်နိုင်ငံလုံးရှိ ဌာနရုံးများနှင့်တပ်ရင်းတပ်ဖွဲ့များတွင်လည်း အောင် ခြင်း ရှစ်ပါး ဘုရားရှိခိုး နှင့်ဂါထာ ရွတ်ခိုင်း၍ ယနေ့ ရွတ်နေကြရ

Must read

မင်းအောင်လှိုင်က ရေဒီယိုနှင့်ရုပ်သံလိုင်းများအားလုံးတွင် သီတဂူ၏ အပြင် အောင် ခြင်းရှစ်ပါး၊ အတွင်း အောင်ခြင်း ရှစ်ပါး တရားကို ယတြာအဖြစ် ထုတ် လွှင့်ခိုင်း၊ တစ်နိုင်ငံလုံးရှိ ဌာနရုံးများနှင့်တပ်ရင်းတပ်ဖွဲ့များတွင်လည်း အောင် ခြင်း ရှစ်ပါး ဘုရားရှိခိုး နှင့်ဂါထာ ရွတ်ခိုင်း၍ ယနေ့ ရွတ်နေကြရ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

အကြမ်းဖက် မင်းအောင်လှိုင်က ရေဒီယိုနှင့်ရုပ်သံလိုင်းများအားလုံးတွင် သီတဂူ ၏ အပြင်အောင်ခြင်းရှစ်ပါး၊ အတွင်းအောင်ခြင်း ရှစ်ပါး တရားကို ယတြာ အဖြစ် ထုတ်လွှင့်ခိုင်းပြီး ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ရုပ်သံလိုင်းအားလုံး၊ ရေဒီယို လိုင်းအားလုံးတွင် တစ်နေ့လျှင် ၃ ကြိမ် စတင် ထုတ်လွှင့်နေကြောင်း စစ် တပ် သတင်းရင်းမြစ်က ပြောသည်။

ပုံမှန်အားဖြင့် စစ်ကောင်စီလက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြ၀တီ ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများတွင် နိုင်ငံတော် သီချင်း ထုတ် လွှင့်ပြီးပါက ပရိတ်ကြိး ၁၁ သုတ် ထုတ်လွှင့်လေ့ရှိကြောင်း၊ သို့ရာတွင် ဇန်နဝါရီ လ ၂၇ ရက်နေ့မှစတင်၍ ပုံမှန် ထုတ်လွှင့်နေကြ ပရိတ်ကြီး ၁၁ သုတ် နေရာ တွင် သီတဂူ ဟောပြောသည့် အပြင်အောင်ခြင်းရှစ် ပါး ၊ အတွင်း အောင်ခြင်း ရှစ်ပါး တရားကို ထုတ်လွှင့်ခိုင်းကြောင်း သိရှိရသည်။

“စစ်တပ်ရဲ့ မြဝတီရုပ်သံဌာနချုပ်ကနေ မြန်မာ့အသံကိုညွှန်ကြားစာပို့ပြီး မြန်မာ့ အသံရဲ့ထုတ်လွှင့်မှုတွေမှာ နိုင်ငံတော်သီချင်းထုတ်လွှင့်ပြီးရင် ပရိတ်ကြီး ၁၁ သုတ် ထုတ်လွှင့်တာကို ပရိတ်ကြီး ၁၁ သုတ် မလွှင့်ခိုင်းတော့ဘဲ သီတဂူ ဟော တဲ့ အောင်ခြင်းရှစ်ပါးကိုထုတ်လွှင့်ရမယ်လို့ အမိန့်လှမ်းပေးတယ်။ အဲဒါ ကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား ရုံးမှာလည်း အဲဒီ သီတဂူဟောတဲ့ အောင်ခြင်း ရှစ်ပါး တရားကို နေ့တိုင်း နာရမယ်လို့ အမိန့်ထုတ်ပါတယ်” ဟု ပြန်ကြားရေး အရာရှိ တစ်ဦးက ပြောသည်။

လက်ရှိတွင် သီတဂူဟောသည့် အောင်ခြင်းရှစ်ပါး တရားကို စစ်ကောင်စီ၏ ရုပ် သံလိုင်းများတွင် နံနက် ၆ နာရီ ၃၀ မိနစ်တွင်တ စ်ကြိမ်၊ နံနက် ၁၁ နာရီ ၅၀ မိနစ် တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထုတ်လွှင့်နေ ကြောင်း သိရှိရသည်။

ထို့ပြင် ဝန်ကြီးဌာနရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင်လည်း သီတဂူ ဟောကြား သည့် အောင်ခြင်းရှစ်ပါး တရားအပြင် အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး၊ ဂါထာများ ကိုလည်း ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ရွတ်ဖတ် ပူဖော်ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

“သီတဂူကပေးတဲ့ ယတြာလို့ပြောတယ်။ ဗုဒ္ဓရဲ့ အပြင် အောင်ခြင်း ရှစ်ပါး၊ အတွင်း အောင်ခြင်းရှစ်ပါး ကို ပူဇော်ရင် ရန်အားလုံးကို အောင်မယ်။ အတွင်း အပြင် ရန်စွယ် အန္တရာယ်အားလုံးကို အောင်မယ်လို့ ယတြာပေးတယ်လို့ သိရ တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ခုကလည်း ဇန်နဝါရီလ ၂၇ ရက်နေ့ ဌာန ဆိုင်ရာရုံးများ၊ တိုင်းဒေသကြီးရုံးများ၊ မြို့နယ်ရုံးများတွင် ယနေ့ ဝန်ထမ်း များ စုပေါင်းပြီး အပြင်အောင်ခြင်း ၈ ပါး အတွင်းအောင်ခြင်း ၈ ပါး ဂါထာနှင့် ဘုရား ရှိခိုးများ စုပေါင်း ရွတ်ဖတ် နေရသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article