36 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် အမှုတိုင်ချက်ဖွင့်၊ အမှု လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် ဖမ်းဆီးအရေးယူလာနိုင်မည်ဟုဆို

Must read

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် အမှုတိုင်ချက်ဖွင့်၊ အမှု လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် ဖမ်းဆီးအရေးယူလာနိုင်မည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါများကို လူမျိုး တုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှု များ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် တိုင်ကြားချက် ဖွင့်လှစ်လိုက်ပြီး အဆိုပါ တိုင်ကြားချက်ကို ဂျာမနီနိုင်ငံက လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် မြန်မာ စစ်ဗိုလ်ချုပ်များကို ဖမ်းဆီး အရေးယူနိုင်မည် ဖြစ်ကြောင်း Fortify Rights မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဂျာမနီနိုင်ငံတွင် မြန်မာစစ်ဗိုလ်ချုပ်များကို Fortify Rights က ဦးဆောင်၍ ရာဇဝတ် ဆိုင်ရာ တိုင်ကြားချက်တစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စာမျက်နှာ ၂၁၅ မျက်နှာပါရှိသော ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် စာမျက်နှာ ၂၀၀၀ ကျော်ပါ ဝင်သော နောက်ဆက်တွဲစာတမ်းကို ဂျာမနီနိုင်ငံ၊ ရှေ့နေချုပ်ရုံးထံ တင်ပြ၍ တိုင်ကြားချက် ဖွင့်လှစ်ရန် စတင်ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ စစ်ကောင်စီက ရိုဟင်ဂျာများအပေါ် လူမျိုး တုန်းသတ်ဖြတ်မှု အပါအဝင် စစ်အာဏာသိမ်းပြီးနောက် ယနေ့ အချိန် အထိ တိုင်းရင်းသားပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်း၊ လက် နက် ကြီးများဖြင့် သတ်ဖြတ်ခြင်း အပါအဝင် မြန်မာ ပြည်သူများကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများအားလုံးကို သက်သေများနှင့်တကွ Fortify Rights က တိုင်ကြားခြင်းဖြစ်ကြောင်း၊ တိုင်ကြားခံရသူများတွင် မင်းအောင်လှိုင်၊ စိုးဝင်းမှ စတင်၍ ဗိုလ်ချုပ်များအပြင် ၎င်းတို့ကို ကူညီ ပေးနေသော ခရိုနီများ၊ အသိုင်း အ၀ိုင်းများ အားလုံးပါဝင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ၊စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက် သတ် ဖြတ်မှုများ ကျူးလွန်သော တရားခံများ စာရင်း နာမည်စာရင်း အတိအကျဖြင့် တိုင်ကြားထားခြင်းဖြစ်ပြီး လတ်တလော တရားခံ စာရင်းကို အသေးစိတ် မ ထုတ် ပြန်နိုင်သေး ကြောင်း ၎င်းက ဆိုသည်။

ဂျာမနီတွင် Universal Jurisdiction စနစ်တည်ရှိနေပြီး တိုင်ကြားချက်ကို လက်ခံပါက စစ်ဗိုလ်ချုပ်များ၊ မိသားစုအသိုင်းအဝိုင်းများ၊ စစ်တပ်ကို ကူညီ နေသော ခရိုနီများ အပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ် မှုများ နှင့်ပတ်သက်နေသူ အားလုံး မြန်မာ နိုင်ငံပြင်ပ ထွက်သည်နှင့် အပြည် ပြည် ဆိုင်ရာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)မှတစ်ဆင့် ဖမ်းဆီးနိုင်ရန်လည်း မျှော် လင့်ကြောင်း နစ်ကီဒိုင်းမွန်းက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှု ဒုတိယနှစ် နီးကပ် လာသည်နှင့်အမျှ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ဆယ်စုနှစ် များစွာ နိုင်ငံအနှံ့ ရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ဆက်တွဲအဖြစ် မြန်မာ စစ် တပ်က ကျူးလွန်ထားသူများသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ် မှုများအတွက် တာဝန်ခံ တာဝန်ယူမှု မရှိသေးသည့်အတွက် Fortify Rights နှင့်အတူ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများ၏ နောက်ကွယ် အသက်ရှင်ကျန်ရစ်သူများနှင့် သက်သေများမှ ထိပ်တန်း မြန်မာ စစ် ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်နေသူများ ကျူးလွန်ခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှု များအတွက် ဂျာမနီနိုင်င့တွင် ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်အသစ်တစ်ခု တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဂျာမနီနိုင်ငံတွင် တိုင်ကြားမှုသည် ICC ၊ ICJ တရားရုံး တို့ထက် ပို၍ အရေးယူမှု များ မြန်ဆန် နိုင်ပြီး အရေးယူမှုများ လျှင်လျှင်မြန်မြန် ဖြစ်လာနိုင်သည့် အလား အလာများ မြင်တွေ့နေရကြောင်း၊ ဂျာမနီနိုင်ငံသည် ဥရောပတွင် ဦးဆောင် နိုင်ငံ ဖြစ်နေရုံသာမက အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့်ပါ တရားခံ လွှဲ ပြောင်း ပေးရေး စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ် ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ်များကို အရေးယူရာတွင် ထိရောက်မည်ဟု မျှော်မှန်းထားကြောင်း နစ်ကီဒိုင်းမွန်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက် စိုးဝင်းနှင့် အကြမ်းဖက် စစ်အရာရှိများ၏မိန်းမများ အခမ်းအနား တက်ရောက်မှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article