31 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦး ကို ဩစတြေးလျအစိုးရက ပိတ်ဆို့ အရေးယူ လိုက်ပြီး စစ်တပ်ပိုင် ဦးပိုင်နှင့်မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းကိုပါ ဒဏ်ခတ် ပိတ်ဆို့

Must read

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦး ကို ဩစတြေးလျအစိုးရက ပိတ်ဆို့ အရေးယူ လိုက်ပြီး စစ်တပ်ပိုင် ဦးပိုင်နှင့်မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းကိုပါ ဒဏ်ခတ် ပိတ်ဆို့

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ဩစတြေးလျအစိုးရက အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်အာ ဏာ သိမ်းမှုနှင့်ဆက်နွယ်သူ လူပုဂ္ဂိုလ် ၁၆ ဦးကို ဒဏ်ခတ် ပိတ်ဆို့ အရေး ယူ ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်လာချိန်တွင် ဩစတြေးလျ အစိုးရ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ် ခေါင်းဆောင် စိုးဝင်း အပါအဝင် အာဏာသိမ်းမှုနှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

“ဒီပစ်မှတ်ထား အရေးယူမှုတွေက မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ပြင်း ထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပြည်သူတွေရဲ့ ရပိုင်ခွင့် တွေကို ဖိနှိပ်နေမှုတွေကို စိုးရိမ်ပူပန်တဲ့အတွက် ဩစတြေးလျက အရေးယူ တာဖြစ်ပါတယ်” ဟု ဩစတြေးလျအစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော် ပိုရေး ရှင်း တို့ကိုလည်း ဩစတြေးလျက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် အကြမ်းဖက် စိုးဝင်းတို့ကို ယမန်နှစ် ရုရှားခရီးစဉ် အပြန် နေပြည်တော်လေဆိပ်တွင် မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article