32 C
Yangon

မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ တိုက်ပွဲမည်ဟု TNLA က ကြေညာ

Must read

မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ တိုက်ပွဲမည်ဟု TNLA က ကြေညာ

ရန်ကုန်၊ဇန်နဝါရီ ၁၂

မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင်များကို ဒီမိုကရေစီအင်အားစု ၊ တော်လှန်ရေ းအင်အားစုများဖြင့် လက်တွဲ တိုက်ပွဲမည်ဟု TNLA က တအာင်းအမျိုး သားများ၏ နှစ် ၆၀ ပြည့် အမျိုးသားတော်လှန်ရေးနေ့အဖြစ် ကြေ ညာသည်။

တအာင်းအမျိုးသားများ၏ နှစ် ၆၀ ပြည့် အမျိုးသားတော်လှန်ရေးနေ့ဖြစ်သည့် ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး၊ တအာင်းပြည်နယ်ရရှိရေးအတွက် စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် အာဇာနည်ရဲဘော်/ရဲမေများ၊ ခေါင်းဆောင်များနှင့် ပြည်သူများကို ဂုဏ်ယူစွာ ဦးညွတ်အလေးပြုကြောင်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တော်လှန်တိုက်ပွဲဝင်နိုင်သည့် တအာင်းတပ်မတော်ကို ခိုင်မာစွာ လေ့ကျင့်တည်ဆောက်ပြီး အမျိုးသား လွတ်မြောက်ရေးပန်းတိုင်ရောက်ရှိသည်အထိ ဦးလည်မသုန် တော်လှန်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း TNLAက ကြေညာသည်။

တိုင်းရင်းသားပြည်သူလူထုများ၏ အခြေခံအခွင့်အရေးများ ဖိနှိပ်ချုပ်ချယ် ယုတ်လျော့စေခဲ့သည့် မဆလ တစ်ပါတီ အာဏာရှင်ဦးနေဝင်း၊ နဝတ/ နအဖ စစ်အာဏာရှင် ဗိုလ်ချုပ် သန်းရွှေနှင့် ယနေ့ စစ်ကောင်စီ ဗိုလ်ချုပ် မင်းအောင်လှိုင်တို့လို အာဏာရှင် အဆက်ဆက်ကို ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အတူ တအာင်းလူမျိုးတို့ ပုံသဏ္ဏာန်ပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်လျက်ရှိပြီး ထိုသို့ ဖိနှိပ်သူ အာဏာရှင်ကို တော်လှန်ဆန့်ကျင်သည့် တအာင်းတော်လှန်ရေးမျိုးဆက်အသီးသီး၏ သမိုင်းမှတ်တိုင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် ဂုဏ်ဝင့်ကြွားဖွယ်ဖြစ်ကြောင်း TNLA က ဆိုသည်။

မြန်မာစစ်အာဏာရှင်အဆက်ဆက်သည် မြန်မာလူထုတစ်ရပ်လုံး၏ ကဏ္ဍပေါင်းစုံ အဘက်ဘက် ယုတ်လျော့စေခဲ့ပြီး ပိုမိုဆိုးရွားသည့် လူ့အခွင့်အရေးပေါင်းစုံကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ စစ်ကောင်စီအနေနှင့် မြန်မာပြည်သူ အသီးသီးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ကလေးသူငယ်နှင့် အမျိုးသမီးများကို စာနာစိတ်ကင်းမဲ့စွာ၊ အနိုင်ကျင့်ရက်စက် သတ်ဖြတ်ခြင်း၊ ပြည်သူများနေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ လေကြောင်းစစ်ဆင်ရေးများဖြင့် ချေမှုန်းတိုက်ခိုက်ဖျက်ဆီးခြင်း၊ ဖမ်းဆီးထောင်ချသည့် နိုင်ငံရေး အကျဉ်းသားများကို ရက်စက်စွာ သေဒဏ်ပေး ကွပ်မျက်ခြင်း အစရှိသည့် စစ်ရာဇဝတ်နှင့် ပြစ်မှုပေါင်းစုံတို့ကို မကြောက်မရွံ့ကျူးလွန်‌လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) အနေဖြင့် တအာင်းတပ်မတော်ကို တည်ဆောက်၍ အမျိုးသားလွတ်မြောက်ရေးပန်းတိုင်ရောက်အောင် တော်လှန်တိုက်ပွဲဝင်ရာတွင်လည်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီပေါင်းစပ်မဟာမိတ်ပြုလုပ်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article