32 C
Yangon

မတူပီ၊ ငလိုင်ရွာတွင် စစ်တပ်က လူ ၆ ဦးကို သတ်ဖြတ်ပြီး မီးရှို့ထားခဲ့၊ အသတ်ခံ ရသူ ၂ ဦးကိုသာ အတည်ပြုနိုင်ပြီး ကျန် ၄ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေ

Must read

မတူပီ၊ ငလိုင်ရွာတွင် စစ်တပ်က လူ ၆ ဦးကို သတ်ဖြတ်ပြီး မီးရှို့ထားခဲ့၊ အသတ်ခံ ရသူ ၂ ဦးကိုသာ အတည်ပြုနိုင်ပြီး ကျန် ၄ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းကာ ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူ ပြည် သူ ၂ ဦးမှာ ဦးဗန်ဘိတ် နှင့် ဦးလလ်ဗ်လျန် တို့ဖြစ်ကြောင်း အတည်ပြု နိုင် သော် လည်း ကျန် ၄ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်ကြောင်း ဒေသပြည်သူများက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မတူပီမြို့နယ်၊ ငလိုင်ရွာကို အကြမ်းဖက် စစ်တပ်က တရားမဝင် ရွေးကောက်ပွဲကျင်းပရန် မဲစာရင်းအတွက် အိမ်ထောင်စုစာရင်း ကောက်ခံရန်အတွက်ဟုဆိုကာ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး ပြည်သူပိုင်နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ပြည်သူ ၂ ဦးဖြစ်သည့် ဦးဗန်ဘိတ်နှင့် ဦးလလ်ဗ်လျန် တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ထို့ပြင် မည်သူမည်ဝါ ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် စစ်တပ်က သတ်ဖြတ်သွားသော ရုပ်အလောင်း ၄ လောင်းကိုထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး အလောင်း ၁ လောင်းကို လူနေအိမ် ၂ လုံးထဲ မီးရှို့ထားခဲ့တယ်။ ကျန် ၁ လောင်းကိုတော့ ငလိုင် သင်္ချိုင်း ကုန်းမှာ စွန့်ပစ်ခဲ့တယ်။ စစ်တပ်က သတ်ဖြတ်ထားတဲ့ အလောင်း ၄ လောင်း ထပ်တွေ့ထားတယ်။ ရုပ်အလောင်းတွေက မီးရှို့ခံထားရတော့ ပြည်သူတွေလား။ သေသွားတဲ့ စစ်ခွေး အလောင်းတွေကို မီးရှို့သွားတာလား မသိရသေးဘူး။ ဘယ်သူ ဘယ်ဝါတွေဆိုတာ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ် စစ်ကြောင်းက ငလိုင်နှစ်ခြင်း အသင်းတော်နှင့် သန့်ရှင်းသော ဝိဥာဥ် အသင်းတော်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများကိုလည်း တစ်ခုမကျန် ခိုးယူသွားကြောင်း၊ ပြည်သူပိုင် နေအိမ်အတွင်းရှိ အိမ်ထောင် ပရိဘောဂများ အားလုံးကို ယူဆောင်ပြီး နေအိမ်များကိုလည်း ဘူဒိုဇာဖြင့် ထိုးကာ အိမ်တိုင် များပါ ခိုးယူသွားကြောင်း သိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ငလိုင်ရွာမှ ပြည်သူပိုင် နေအိမ်နှင့် အသတ်ခံရသူ ပြည်သူ ၂ ဦးဖြစ်သည့် ဦးဗန်ဘိတ် နှင့် ဦးလလ်ဗ် လျန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article