37 C
Yangon

မန္တလေး သံဃသမဂ္ဂ ဦးဆောင် ဆရာတော် ဦးအာစာရ ဖမ်းဆီးခံရ

Must read

မန္တလေး သံဃသမဂ္ဂ ဦးဆောင် ဆရာတော် ဦးအာစာရ ဖမ်းဆီးခံရ

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေး သံဃသမဂ္ဂ ဦးဆောင် ဆရာတော် ဦးအာစာရကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သံဃသမဂ္ဂမှ ဆရာတော်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မန္တလေး တောင်ခြေအနီးရှိ ကျောက်တော်ကြီးဘုရားတွင် ဓာတ်ပုံ ကမ်ပိန်း ပြုလုပ်နေစဥ် အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီမနက်ဦးဇင်း ၄ ပါးအတူ ကုသိုလ်တော်မှာ သပိတ်ပုံရိုက်နေတုန်း ကင်းပုန်းနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာ ကျန်တဲ့ ၃ ကလွတ်တယ်။ ဦးဇင်းအာစာရ (သပိတ်ခင်) အဖမ်းခံလိုက်တယ်။ အခုအခြေအနေက အသေးစိတ်မပြောနိုင်သေးဘူး။ ဖမ်းဆီးခံရနဲ့ ဆရာတော်က မန္တလေး သံဃသမဂ္ဂက ဆရာတော်ပါ။ ကျောက်တော်ကြီးဘုရားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဓာတ်ပုံ ကမ်ပိန်း ပြုလုပ်နေတုန်း ဖမ်းဆီးခံရတာ ဆရာတော်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုပြီး ဖမ်းဆီးမှုတွေ ရှိလာနိုင်တယ်။ အမြန်တိမ်းရှောင်ဖို့ လိုနေတယ်” ဟု သံဃသမဂ္ဂမှ ဆရာတော်တစ်ပါးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article