38 C
Yangon

မရမ်းကုန်းမြို့နယ် လ၀ကရုံးထဲသို့ ဗုံးပစ်သွင်းသဖြင့် လ၀က တစ်ရုံးလုံး ထွက် ပြေး၊ စစ်တပ်က ဗုံးကို သိမ်းဆည်းဖောက်ခွဲလိုက်ပြီး ဗုံးပစ်သူ၏ CCTV မှတ် တမ်း ရရှိသွား

Must read

မရမ်းကုန်းမြို့နယ် လ၀ကရုံးထဲသို့ ဗုံးပစ်သွင်းသဖြင့် လ၀က တစ်ရုံးလုံး ထွက် ပြေး၊ စစ်တပ်က ဗုံးကို သိမ်းဆည်းဖောက်ခွဲလိုက်ပြီး ဗုံးပစ်သူ၏ CCTV မှတ် တမ်း ရရှိသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ လ၀ကရုံးတွင် အိတ် အမည်း ဖြင့် ဗုံး ပစ်သွားပြီး စစ်တပ်က ယင်းဗုံးကို သိမ်းဆည်း ဖောက်ခွဲ လိုက် ကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ် လ၀ကရုံးထဲသို့ အိတ် အမည်းဖြင့် ထုတ်ထားသည့် ဗုံးကို ပစ်ခတ်သွားကြောင်း၊ ချက်ချင်း မပေါက်ကွဲသဖြင့် လ၀ကတစ်ရုံးလုံး ထွက်ပြေး ကြပြီး စစ်တပ်က လာရောက်ကာ ဗုံးကို သိမ်းဆည်း ဖောက်ခွဲ လိုက်ကြောင်း သိရှိရသည်။

“ရုံးထဲကို အိတ်အမည်းနဲ့ ဗုံး ၀င်ပစ်သွား တယ်။ လ၀ကရုံးထဲက ဝန်ထမ်းတွေ အကုန် လုံး ထွက်ပြေးကြတာ။ နောက်တော့ ရဲတွေ အရင်ရောက်လာပြီး တပင် ရွှေထီးလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်ကို ပိတ်လိုက်တယ်။ ပြီးတော့ စစ်ကား ၂ စီး ရောက်လာတယ်။ အနီးအနားက ဆိုင်တွေ အားလုံး ပိတ်ခိုင်းတယ်။ စစ် ကား တွေနဲ့ ဗုံးစစ်တဲ့အဖွဲ့တွေထပ်ရောက်လာပြီး ရှုပ်ထွေးသွားတယ်။ ပြီးတော့ ၁ နာရီ ၄၅ မိနစ်လောက်မှာ ဗုံးကို စစ်တပ်က ခွဲလိုက်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

စစ်တပ်က ဗုံးကို ဖောက်ခွဲစဉ် အသံအလွန်ကျယ်လောင်ပြီး မီးခိုးလုံးများ တက် လာသဖြင့် အမှတ် ၁ ရပ်ကွက်ပတ်ဝန်းကျင်မှ ပြည်သူများအားလုံး ကြားသိရ ကြောင်း ၊ စစ်တပ်က လမ်းပိတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး CCTV မှတ် တမ်း များ လိုက်လံ တောင်းယူသွားကြောင်း၊ လ၀ကရုံးမှာ လူမရှိတော့ဘဲ လုပ် ငန်းများ ရပ်နားလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် မရမ်းကုန်း လ၀ကရုံး အနီး တပင်ရွှေထီးလမ်းတွင် စစ် တပ် က ပိတ်ဆို့စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article