25 C
Yangon

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် လ၀ကဝန်ထမ်း အမျိုးသမီးနှင့် စစ်အရာရှိ ဗိုလ်မှူး ဟောင်း ခင်ပွန်းတို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် လ၀ကဝန်ထမ်း အမျိုးသမီးနှင့် စစ်အရာရှိ ဗိုလ်မှူး ဟောင်း ခင်ပွန်းတို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် လ၀က ဝန်ထမ်း အမျိုး သမီးနှင့် စစ်အရာရှိ ဗိုလ်မှူးဟောင်း ခင်ပွန်းတို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ ဝန်းကျင်အချိန် မရမ်းကုန်း ၁ ရပ် ကွက် ၂ လမ်းသွယ်ထိပ် တွင် လ၀က ဝန်ထမ်း အမျိုးသမီးနှင့် စစ်အရာရှိ ဗိုလ်မှူးဟောင်း ခင်ပွန်းတို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဗိုလ်မှူးလင်မယားလို့ ပြောတယ်။ ၂ လမ်းထိပ်မှာ အပစ်ခံရတာ။ အခု မရမ်း ကုန်း ၁ ရပ်ကွက် ဘုရင့်နောင်အခြမ်းကို ပိတ်ထားတယ်။ အဲဒီနားမှာနေတဲ့ အမျိုး တွေ ဖုန်းလှမ်းဆက်တော့ အခြေအနေဆိုးတယ်ပြောတယ်။ ရပ်ကွက် ထဲက ဘယ်သူမှ မထွက်ခိုင်းဘူး။ အကုန်ပိတ်ဆို့ထားတယ်။ ပစ်ခတ်သူတွေ ရပ် ကွက် ထဲမှာပဲရှိတယ်ဆိုပြီး စစ်တပ်က ပေးမထွက်တာ” ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။

ထို့ပြင်စစ်တပ်က ပစ်ခတ်ခံရသည့်နေရာဝန်းကျင်တွင် CCTV ကင်မရာများ တပ် ဆင်ထားခြင်း ရှိ၊ မရှိ လိုက်လံ စစ်ဆေးနေပြီး CCTV မှတ်တမ်းရှိလျှင် စစ်တပ် ကို ချက်ချင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို တောင်းခံ နေ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မရမ်းကုန်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးကွဲစဉ် စစ်တပ်က ပိတ်ဆို့စစ်ဆေးစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article