30 C
Yangon

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် မိန်းမ ပစ်ခတ်ခံရပြီး သေဆုံး

Must read

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် မိန်းမ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် စစ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် မိန်းမ စောမွန်မြတ်တို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ ဝန်းကျင်အချိန် မရမ်းကုန်း ၁ ရပ် ကွက် ၂ လမ်းသွယ်ထိပ် တွင် စစ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ဇနီး စောမွန်မြတ် တို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ဟောင်း ကျော်မင်းသန်းသည် ၂၀၁၈ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစား ယူထား သူဖြစ်ပြီး Lucky palace King ကုမ္ပဏီကို တည်ထောင်ထားသူ ဖြစ် ကြောင်း၊ စစ်တပ်အတွက် သတင်းများစုံစမ်းခြင်းနှင့်တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

” ဗိုလ်မှူး လင်မယားလို့ ပြောတယ်။ ၂ လမ်းထိပ်မှာ အပစ်ခံရတာ။ အခု မရမ်း ကုန်း ၁ ရပ်ကွက် ဘုရင့်နောင်အခြမ်းကို ပိတ်ထားတယ်။ အဲဒီနားမှာနေတဲ့ အမျိုး တွေ ဖုန်းလှမ်းဆက်တော့ အခြေအနေဆိုးတယ်ပြောတယ်။ ရပ်ကွက် ထဲက ဘယ်သူမှ မထွက်ခိုင်းဘူး။ အကုန်ပိတ်ဆို့ထားတယ်။ ပစ်ခတ်သူတွေ ရပ် ကွက် ထဲမှာပဲရှိတယ်ဆိုပြီး စစ်တပ်က ပေးမထွက်တာ” ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။

ထို့ပြင်စစ်တပ်က ပစ်ခတ်ခံရသည့်နေရာဝန်းကျင်တွင် CCTV ကင်မရာများ တပ် ဆင်ထားခြင်း ရှိ၊ မရှိ လိုက်လံ စစ်ဆေးနေပြီး CCTV မှတ်တမ်းရှိလျှင် စစ်တပ် ကို ချက်ချင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို တောင်းခံ နေ ကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသော သတင်းဌာနများနှင့် လော်ဘီများကမူ ပစ်ခတ် မှု ကြောင့် သေဆုံးသွားသော ကျော်မင်းသန်း ကို အရပ်သားပြည်သူဟု ဖော်ပြ ထားပြီး စစ်တပ်အရာရှိဟောင်းဖြစ်သည် ဆိုသော အချက်၊ စစ်တပ်၏ အမာခံ သတင်းပေးအဖြစ် တော်လှန်ရေး ရဲဘော် များကို ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သည်ဆိုသော အချက်များကို ကွယ်ဝှက် ထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article