28 C
Yangon

မဟာအောင်မြေနှင့် ညောင်ဦးမြို့နယ်တို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

မဟာအောင်မြေနှင့် ညောင်ဦးမြို့နယ်တို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့မှ ဗိုလ်အနိစ္စက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်း အရှေ့ ရပ်ကွက်၊ ၆၉ D လမ်း၊ လမ်း ၄၀ ၊ ၄၁ လမ်းကြားတွင် နေထိုင် သူ ဦးစောသည် အကြမ်းဖက်စစ်ကောင် စီမှ ခန့်အပ်တာဝန်ပေးထားသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းမပြုရန် အကြိမ်ကြိမ် သတိပေး ထားသည်ကို လိုက်နာခြင်းမရှိသဖြင့် နေအိမ်တွင်းသို့ ဝင်ရောက်ပြီး ပစ်ခတ်ရှင်း လင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုနောက်ပိုင်းကတော့ ကောင်းသည်၊ ဆိုးသည်မခွဲခြားတော့ဘူး၊ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးပြီးပြီ။ သတိပေးစာအတိုင်းပဲ မလိုက်နာတဲ့သူတွေ ရှင်းတော့မှာပါ” ဟု Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့မှ ဗိုလ်အနိစ္စက ပြောဆိုသည်။

Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့မှ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နှုတ်ထွက် ကြရန် သတိပေးသတ်မှတ်ရက်ပြည့်သွားပြီဖြစ် ကြောင်း၊ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်လိုပါက နှုတ်ထွက်ထားနိုင်ကြောင်း၊ ဆက်လက်လုပ်ကိုင်မည်ဆိုပါက အုပ်ကြီး ဦးစောကဲ့သို့ ရားထူးမှ အပြီးအပိုင် ရပ်နားမည်ဖြစ်ကြောင်း သတိပေးထားသည်။

အလားတူ မန္တလေး၊ ညောင်ဦးမြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ရွာနေ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ အောင်သူဝင်းကို ပုဂံပြည် ဘီလူးတပ် (Bagan Ogre Force) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အောင်သူဝင်းသည် စစ်တပ်နှင့် ပူးပေါင်းပြီး ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခြင်း၊ ကျေးရွာနေ CDM သမားများကို ဖမ်းဆီးခိုင်းခြင်း၊ ၎င်းနှင့် မတည့်သူများကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်းတို့ လုပ်ဆောင်ခြင်းကြောင့် အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်း မရှိသောကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article