26 C
Yangon

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံး

Must read

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များအကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ဦးနီးပါး ထိခိုက်သေဆုံးကြောင်း NUG တပ် ရင်း ၁၂၂၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၀ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်အချိန်တွင် မိုးကုတ်မြို့နယ် မိုင်းဟုန်း ကျေးရွာအနီးရှိ NUG တပ်ရင်း၁၂၂၂ ရှိသည့် ရှေ့တန်းစခန်းနေရာကို စစ် ကောင် စီတပ်က လေကြောင်းတိုက်ခိုက်မှု မိနစ် ၃၀ ခန့် တိုက်ခိုက်ခဲ့ပြီး မြေပြင် မှလည်း စစ်ကြောင်း ၄ ကြောင်း အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ နီးပါး ထိခိုက် သေ ဆုံး ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ဝေဟင်မှ ဂျက်တိုက်လေ ယာဉ် ၃ စီးဖြင့် ဗုံးသီး ၃၀ လုံးခန့် ကျဲချကာ စက်လက်များဖြင့်လည်း ၁၀ ကြိမ် ထက် မနည်း ပစ်ခတ်ခဲ့ကြောင်း၊ မြေပြင်စစ်ကြောင်းထိုး၍ တက်လာခဲ့သော စစ်ကောင်စီ တပ်သားများက လည်း ၄၀ မမ၊ ၆၀ မမ ၊M9 များ ၊ ငါးကြင်းမြီး များ ဖြင့်လည်း တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တပ်ရင်း ၁၂၂၂ မှ စစ်ကြောင်းမှူး ၁ ဦး လေယာဥ်ပေါ်မှ ကျဲချ သော လက်နက်ကြီး ဗုံးစံ ထိမှန်ကာ ကျဆုံးခဲ့ရပြီး ရဲဘော် ၃ ဦးမှာ အပြင်း အထန် ဒဏ်ရာရှိခဲ့ကြောင်း ကျန်ရဲဘော်များမှာ ဘေးကင်းကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စခန်းကို စွန့်ခွာခဲ့ရပြီး စခန်းရှိ မီးစက်၊ဒိုင်နမို၊ ဆိုင်ကယ်(၅)စီး၊ ရိက္ခာ ပစ္စည်းအမြောက်အများ၊ ရဲဘော်များ၏ ကျောပိုး အိတ်များနှင့် တခြား သော ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article