30 C
Yangon

မိုးကောင်းတွင် စစ်တပ်နှင့် ပူးတွဲ အလုပ်လုပ်နေသော မိုးကောင်း ရှမ်းနီ SNA ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးရမိထား

Must read

မိုးကောင်းတွင် စစ်တပ်နှင့် ပူးတွဲ အလုပ်လုပ်နေသော မိုးကောင်း ရှမ်းနီ SNA ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးရမိထား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ ၊ မိုးကောင်းမြို့နယ်တွင် စစ်တပ်နှင့် ပူးတွဲ အလုပ်လုပ်နေ သော မိုးကောင်းမြို့နယ် SAN ရှမ်းနီ ပြည်သူ့စစ် ခေါင်းဆောင် နှင့် အဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီး ရမိထားကြောင်း မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLACK K တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ည ၉ နာရီအချိန် မိုးကောင်းမြို့နယ်၊ အလယ်ရပ်နေ ရှမ်း နီ SNA မိုးကောင်းမြို့နယ် ခေါင်းဆောင် ကျော်စိုး(ခ) မင်းမင်းလှိုင်ကို လခေါင် ကျေးရွာ အနောက်ဘက်တွင် ၎င်း၏ အဖွဲ့သားများနှင့်အတူ ဖမ်းဆီးရမိကြောင်း၊ လက်ရှိတွင် ဆက်လက်‌ မေးမြန်းနေကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တော် လှန်ရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများကို နှောင့်ယှက် တားဆီးနေ သည့် အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဒူကမ္ဘာလဇွန်နော်ရိန်းနှင့် ပတ် သက်မှု ရှိ နေကြောင်း မိုးကောင်းမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ UG BLACK K တပ်မှ တာဝန်ရှိသူက ရှင်းပြသည်။

” ဖမ်းဆီးမိထားတဲ့ SNA ခေါင်းဆောင် ကျော်စိုး(ခ) မင်းမင်းလှိုင် က စစ် ထောက် လှမ်းရေး ဗိုလ်ကြီးမင်းစစ်နိုင်နှင့်ပူးတွဲအလုပ် ဆောင်နေတဲ့သူပါ။ ဒူကမ္ဘာလဇွန်နော်ရိန်း နဲ့လည်း ပတ်သက်နေတယ်။ အခင်းတွေ ဟန်ပြ စိုက်ကြ တယ်လို့ သိရတယ်။ ဖမ်းမိတာ ကျော်စိုး(ခ) မင်းမင်းလှိုင် အပါ ၉ ဦးကို ဖမ်းဆီးမိ ထားပြီး စစ် ဆေးနေပါတယ်” ဟု မိုးကောင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ UG BLACK K တပ်မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိထားသော မိုးကောင်းမြို့နယ် SNA ခေါင်းဆောင် ကျော်စိုး (ခ) မင်းမင်းလှိုင်၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဗန်းမော်တပ်နယ်မှ စစ် ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်း စစ်နိုင်ကို ၎င်း၏ ကားနှင့်အတူ လာ ရောက် သတင်းစုံစမ်း ထောက် လှမ်း နေ စဉ် ဖမ်းဆီးရမိကြောင်း၊ ၎င်းထံမှ စစ်ဘက်ဆိုင်ရာ အထောက် အထားများ၊ ဖုန်း အတွင်းမှ ဓာတ်ပုံများ၊ PDF ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၁ ဦးကို မု ဒိမ်း ကျင့်ခဲ့သော အထောက်အထားများ ရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေး မြန်းစဉ် သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖမ်းဆီးရမိထားသော စစ်တပ်နှင့်ပူးတွဲအလုပ်လုပ်နေသည့် မိုး ကောင်း SNA ခေါင်းဆောင် ကျော်စိုး(ခ) မင်းမင်းလှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article