40.9 C
Yangon

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

Must read

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပကဖ (တိုက်နယ်-၂) အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အကြိုလွှတ်လိုက်သော အိမ်စီးကား ၅ စီးသည် ချင်းတွင်းမြစ် အရှေ့ဘက်သို့ မောင်းနှင်းလာပြီး နံနက် ၁၁ နာရီခန့်တွင် စစ်သား အင်အားအများအပြားဖြင့် အရာရှိ တစ်ဦးကို ကြိုလာစဥ် ပုသိမ်-မုံရွာလမ်းပိုင်း ရဲတပ်ရင်း ၂၈ နှင့် မြောက်ယမားတံတားအကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် အတွဲလိုက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲသည့်နေရာတွင်ပင် ကန်ဒါ အမျိုးအစားကား ၁ စီးမီးလောင်ကာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး အသက် အန္တရယ်စိုးရိမ်ရကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီခန့်တွင် ဒဏ်ရာရ စစ်သားများကို တင်ဆောင်ပြီး မြောက်ယမား တံတားပေါ်သို့ ဖြတ်မောင်းလာစဥ် မိုင်း ၃ လုံးတွဲဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အန်စာတုံး အမျိုးအစား ကား ၃ စီး ပျက်စီးမှုများရှိခဲ့ကြောင်း၊ စစ်သား များထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေး​ဘဲ ကား ၅ စီးအနက် ကားအမျိုးအစား ၁ စီးသာ လွတ်မြောက်သွားပြီး ကျန်ကားများ ပျက်စီးမှုကို အတည်ပြုနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Regional Friend Fighters (RFF)နှင့် ညီနောင်မဟာမိတ်ဖြစ်သော Revolution Youth Group(RYG)တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article