28 C
Yangon

မော်လိုက်တွင် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ကို စစ်တပ်က ပစ်ခတ်ညှဉ်းပန်းသတ်ဖြတ်၊ ပေါက်မြို့နယ်တွင်လည်း ပြည် သူ တစ်ဦးကို စစ်တပ်က လှည်လှီး သတ်ဖြတ်

Must read

မော်လိုက်တွင် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ကို စစ်တပ်က ပစ်ခတ်ညှဉ်းပန်းသတ်ဖြတ်၊ ပေါက်မြို့နယ်တွင်လည်း ပြည် သူ တစ်ဦးကို စစ်တပ်က လှည်လှီး သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ်က အသက် ၇ နှစ်အရွယ်ကလေး ငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ညှဉ်းပန်းပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ဝဲဒေါင့်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်နှင့်ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ စစ် ဘေး ရှောင်နေရသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်မှာ လက်နက် ကြီး ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင်စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ဦးဝင်းမြင့်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အလားတူ မော်လိုက်မြို့နယ်၊ တပ်ကုန်းရွာမှ ကိုနိုင်နိုင်နှင့် ကိုဖိုးဖြူကို စစ်တပ် က ဒီဇင်ဘာလ ၉ရက်နေ့တွင် လမ်းပြအဖြစ် ဖမ်းဆီး ခေါ်သွားခဲ့ ပြီး ဒီဇင် ဘာ လ ၂၃ရက်နေ့တွင် ၎င်းတို့ ၂ ဦး၏ အလောင်းများကို ပြန်လည် တွေ့ရှိ ရ ကြောင်း ၊ အသတ်ခံထားရသည့် အလောင်း ၂လောင်းတွင် ခြေသလုံး အရေခွံ့ များခွာခံထားရပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း သိရှိရ သည်။

စစ်တပ်က ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မောက်လိုက်မြို့နယ်အတွင်းရှိ တပ်ကုန်းကျေးရွာမှ စစ်ရှောင် တဲ၂လုံး၊ ဝဲကသာ ကျေးရွာမှ အိမ် ၅၀ ၊ ရွှေ ကျောင်း တိုင်ကျေးရွာမှ တဲ ၂လုံး၊ ကုန်းခါတွန် အိမ်ခြေ ၁၇ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း ပေါက်မြို့နယ်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ လယ်ဘဲ့ရွာကို စစ်အင်အား ၁၅၀ ဖြင့် နယ်မြေရှင်းလင်းသည် ဟုဆိုကာ စစ်ကြေားထိုးလာပြီး အိမ်ခြေ ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က ပေါက်မြို့နယ်၊ လယ်ဘဲ့ရွာဘက်မှ အင်ပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဆူးလေကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးကြောင်း၊ ဆူးလေ ကုန်း ကျေးရွာ တွင် ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး လည်ပင်းကို ဓားဖြင့် လှီးကာ နှိပ်စက်ညှဉ်း ပန်း သတ်ဖြတ်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article