32 C
Yangon

မြင်းခြံတွင် စစ်တပ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်း လင် မယား ပစ်ခတ်ခံရပြီး သေဆုံး၊ ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်း ဖမ်းဆီးခဲ့သူ ပြည်သူအများအပြားရှိပြီး ထွက်ပြေးနေရသူလည်း များပြား

Must read

မြင်းခြံတွင် စစ်တပ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်း လင် မယား ပစ်ခတ်ခံရပြီး သေဆုံး၊ ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်း ဖမ်းဆီးခဲ့သူ ပြည်သူအများအပြားရှိပြီး ထွက်ပြေးနေရသူလည်း များပြား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာတွင် စစ်တပ်ထောက် လှမ်း ရေး ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်းနှင့် ဇနီးတို့ ပစ် ခတ်ခံရပြီး သေဆုံး သွားကြောင်း လူကြမ်းကြီး အထူးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၁ မိနစ်အချိန် မြင်းခြံမြို့နယ်၊ ပျော် ဘွယ် စံပြကျေးရွာ တွင်ဖွင့်လှစ်ထားသော ရတနာထွန်း သစ် ဝါး အိမ် ဆောက် ပစ္စည်းဆိုင်ပိုင်ရှင်လည်းဖြစ်၊ စစ်တပ်အတွက် သတင်းများ ထောက် လှမ်းစု ဆောင်းနေသော ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်းနှင့်ဇနီးတို့ကို လူကြမ်း ကြီး အထူးပျောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာမှ ၂ ဦးလုံး သေဆုံးသွား ခြင်းဖြစ် ကြောင်း သိရှိရသည်။

” ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်းနဲ့ အမျိုးသမီးက စစ်တပ်ထဲ ဝင်ထွက်ပြီး သတင်းပေးနေတာ အတော်ကြာပြီ။ သူတို့ကြောင့် ကျနော်တို့ ပြည်သူတွေ အဖမ်းခံရတာ၊ ထွက်ပြေးရတာ၊ အိမ်တွေ ချိတ်ပိတ်ခံရတာတွေအများကြီးပဲ။ အချိန်ယူစောင့်ကြည့်ပြီး သေချာမှ ကျနော်တို့ မစ်ရှင် လုပ်တာပါ။ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ခင်မောင်ထွန်းကို ၃ ချက် ၊ မိန်းမကို ၂ ချက် ပစ်ခတ်ပါတယ်။ ပွဲချင်းပြီး သေပါတယ်။ အဲဒီမှာ ပျူစောထီး ငပေါက်တို့လာပြီး အိမ်က ပစ္စည်း တွေ လာယူသွားကြတယ်” ဟု လူကြမ်းကြီး အထူးပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောသည်။

စစ်ထောက်လှမ်းရေး လုပ်နေသူ ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်းနှင့် အမျိုး သမီး ပစ်ခတ်ခံရပြီးနောက် စစ်တပ်နှင့်ပျူစောထီးများ ရောက်ရှိလာပြီး လမ်း များကို ပိတ်ဆို့ခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး အလောင်း ၂ လောင်းကို သယ်ယူသွားကာ စစ်တပ်က သဂြိုလ်ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဗိုလ်ကြီး ဟောင်း ခင်မောင်ထွန်း၏ သမီးနှင့် မိသားစုဝင်များ ရှိနေကြောင်း၊ လူကြမ်းကြီး ပျောက်ကျားတပ်ဖွဲ့က စစ်တပ်သတင်းပေး အဖြစ် တပ်ထဲ ဝင် ထွက်နေသူ ဗိုလ်ကြီးဟောင်း လင်မယား ၂ ဦးကိုသာ ပစ်ခတ်ပြီး ကျန် သူများ ကို လက်ဖျားဖြင့်ပင် မတို့ဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ မည်သည့် ပစ္စည်းမှ ယူဆောင်ခြင်းမရှိဘဲ ခင်မောင်ထွန်း၏ စစ်မှုထမ်းတံဆိပ်နှင့် သက် ဆိုင်သော စာရွက်စာတမ်းများကို ယူဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article