27 C
Yangon

မြင်းခြံတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်

Must read

မြင်းခြံတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေး၊ မြင်းခြံမြို့နယ်တွင် ပျူစောထီးများ လိုက်ပါသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့-မြင်းခြံထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် ကျောက်ကန်ရွာမှ ပျူစောထီး ခေါင်းဆောင် လှမိုး ဦး ဆောင်ပြီး မြင်းခြံမြို့သို့ ကားဖြင့် တက်လာစဥ် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သော​ကြောင့် ပျူစောထီး ခေါင်းဆောင် လှမိုး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်စစ်များကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် ည ၇ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသောအကြမ်းဖက်စစ်သားများ ကို နှစ်သစ်ကူးအကြိုအနေဖြင့် ဒရုန်းဖြင့် ဗုံးသီးတစ်လုံး၊ လက်နက်ကြီးဖြင့် ၉ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု အတိအကျမသိရသေးကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ADRF တော်လှန်ရေးအင်အားစု၊ ကောင်းကင်တော်လှန်ရေးအင်အားစု၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ Sky Hero (Mandalay)၊ Peacok Warrior Force ၊ ဒေါင်းစစ်သည် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် မတ္တရာမြို့နယ်အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article