34 C
Yangon

မြင်းမူတွင် စစ်ကား ၂ စီးကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

Must read

မြင်းမူတွင် စစ်ကား ၂ စီးကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသည့် သံပြားကာ စစ်ကား ၂ စီးကို မြင်းမူမြို့နယ်အတွင်း မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်းကာ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၆ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်ခွာလာသည့် သံပြားကာ စစ်ကား ၂ စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ယင်းစစ်ကားများသည် ဝမ်းပြည့်ကျေးရွာဘက်သို့ ပြန်လှည့်လာစဥ် မဟာမိတ် အဖွဲ့များပူးပေါင်းကာ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် တစ်ဖက်ပွင့်ပြောင်း ၁၁ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းကနေ ခွေးကား ၂ စီးကို ဝမ်းပြည့်နဲ့ အလ္လကပ္ပကြားမှာ ၂ ကြိမ်ပေါ့ အသွားအပြန် မိုင်းဆွဲတိုက်ခိုက်တယ်။ တိုက်ခိုက်မှု ၂ ကြိမ်ပေါင်း စစ်ခွေး ၁၅ ဦးသေဆုံးတယ်။ ကား ၁ စီးလည်း ထိုးရပ်သွားတယ်” ဟု မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ )နှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ/ People’s Knight Defence Force Myinmu (PKDF-MMU)/ People’s Defence Force Myinmu-MMU PDF/ စစ်ကိုင်းခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂) စသည့် မဟာမိတ်(၅)ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article