28 C
Yangon

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ၊ ကြာ အင်းဆိပ်ကြီး၊ တောင်စွန်းသို့ လာသော စစ်ကြောင်း ကို တိုက်ခိုက်မှု လက်နက် ၁ လက်နှင့်ခဲယမ်း တချို့သိမ်းဆည်းရမိ

Must read

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ၊ ကြာ အင်းဆိပ်ကြီး၊ တောင်စွန်းသို့ လာသော စစ်ကြောင်း ကို တိုက်ခိုက်မှု လက်နက် ၁ လက်နှင့်ခဲယမ်း တချို့သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အကြမ်း ဖက် စစ်ကားနှစ်စီးကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီ ၅၆ မိနစ် အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံး ခဲ့ကြောင်း People’s Army to Fight Dictatorship မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာဘက်သို့ စစ်ကားနှစ်စီးဖြင့် ထွက်ခွာလာသော စစ်သားများကို မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များက အထူးပြုလုပ်ထားသော ပြင်းအားဖြင့်မိုင်းများဖြင့် နှစ်ကြိမ် တိုင် တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမ ၁ စီး ပြင်းအားကောင်းကောင်းအကြီးစားမိုင်းတွေနဲ့ တိုက်ခိုက်တယ်၊ ထိုးရပ်သွားတယ်၊ ထိုးရပ် သွားပြီးတော့ နောက်တစ်စီးက ခွာပြီးလိုက်လာတာ ၊အဲဒီကားကို ကာပြီးတော့ ပစ်တယ်၊ အဲဒီနားလေး ထိုးရပ်တဲ့အချိန်မှာ ကျနော် တို့ ကမိုင်းထပ်ဆွဲလိုက်တာ၊ အခုရထားတဲ့သတင်းက စစ်ခွေး ၅ ယောက်သေ တယ်၊ ဒဏ်ရာရတဲ့သူတွေများတယ်၊ သေဆုံးမှုက ဒီထက်ပိုများနိုင်တယ်လို့ သိရတယ်၊ သူတို့ထွက်သွား ပြီးကြည့်တဲ့အချိန်မှာ ပျက်ကျထားတဲ့ ကားဘန်ဘာ၊ မှန်ကွဲစ၊ သဲတွေနဲ့ဖုံးထားတဲ့ သွေးကွက်တွေရယ် တွေ့ခဲ့ရတယ်” ဟု People’s Army to Fight Dictatorship တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးအနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရမ်းသမ်း ပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Army to Fight Dictatorship(PAFD) တပ်ခွဲ DK PDF(MMU) ၊ People’s Knight Defense Force Myinmu(PLDF-MMU) ၊ Taung Tha People Defense Force(TTADF) ၊ DBBF MMU မဟာ မိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူနှင့် သံဖြူဇရပ်လမ်းရှိ ထောက်ပို့ဗျူဟာစခန်း တောင်စွန်းသို့ စစ်ကူ လာသော စစ်ကြောင်းကို KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်ရာ လက်နက် ၁ လက်နှင့် အတူအခြာစစ်အသုံးဆောင်များရရှိ ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိသော်လည်း အတိအကျ မသိရှိရ ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- တောင်စွန်းစခန်းသို့ စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ်တိုက် ခိုက်စဉ် လက်နက် ၁ လက်နှင့် ခဲယမ်းတချို့သိမ်းဆည်းရမိထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article