37 C
Yangon

မြင်းမူနှင့် အရာတော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သားသေဆုံးမှု များပြား

Must read

မြင်းမူနှင့် အရာတော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သားသေဆုံးမှု များပြား

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၃ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းမှ ထွက်လာသည့် စစ်ကား ၃ စီးကို မြင်းမူမြို့နယ် ဂွေးပင်တောရွာနှင့် နတ်ရေကန်ရွာ အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

” ဂွေးပင်တောရွာနဲ့ နတ်ရေကန်ရွာ အကြားမှာ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး မသာ ၁၇ ကောင်လောက် မသာပေါ်ပါတယ်။ ကျန်တဲ့ စစ်ခွေးတွေက အကျိုးအပဲ့များ ရှိပါတယ်။ နံနက် ၇ နာရီလောက်မှာ ချောင်းဦးမြို့ကို စစ်ခွေးအလောင်းတွေ ပြန်သယ်သွားတယ်။ ဒီတိုက်ခိုက်မှုဟာ ၄ ရက်နေ့မှ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် သွေးကြွေးဆပ်တဲ့ တိုက်ခိုက်မှုပါ” ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ၌ တပ်စွဲထားသော စစ်သား ၇၀ ခန့်သည် အရာတော်မြို့သို့ သွားရောက်စဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ အတွင်းမှာ စစ်ခွေး ၅ သေပါတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို လက်ရှိ အရာတော် ဆေးရုံကို တင်ထားတယ်လို့သိရတယ်။ ဆေးရုံတင်ထားတဲ့ စစ်ခွေးတွေထဲက ၆ ဦး ထပ်သေသွားတယ်လို့ သိရတယ်။ အားလုံးပေါင်း ၁၁ ဦးသေတာပေါ့” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို TRUE ARROW၊ ကျားသစ်နက်၊ JUSTIC၊ မဟူရာဆင်ရိုင်း၊ ပန်ဒါ၊ ဝံပုလွေ၊ မုံရွာခရိုင်ရင်း ၆နှင့် မုံရွာခရိုင်ရင်း ၁၈ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article