31 C
Yangon

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင် တပ်စွဲထားသည့် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ပစ်ခတ် တိုက်ခိုက် မှု စစ်သား ၃ ဦး သေဆုံးဟုဆို

Must read

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင် တပ်စွဲထားသည့် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ပစ်ခတ် တိုက်ခိုက် မှု စစ်သား ၃ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ မြင်းမူ မြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲပြီးဂိတ်ဖွင့်ကာ ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို PDF တပ်များက တိုက်ခိုက် ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Zero ပျောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကို သက် ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ၂၂ ရက်နေ့ နံနက် ၁၁နာရီခွဲကျော်အချိန်တွင် အဆိုပါ စစ်ဆေး ရေး ဂိတ်ကို တိုက်ခိုက်ခြင်းဖြစ်ပြီး မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ တပ်ရင်း ၇၊ GTR မြင်းမူ၊ တပ်ရင်း၂ စစ်ကိုင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုကြောင့် ခွေး ၃ ကောင် နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ဒဏ် ရာ ပြင်းထန်ရသွားတယ်။ အခုလို ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင် စီ တပ် ကို စခန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တိုက်ပွဲအတွင်း ပြည်သူတွေ စည်းကမ်း မရှိ သွားလာနေတာကြောင့် စခန်း မသိမ်းနိုင်ဘဲ ပြန်ခဲ့ရတယ်” ဟု မြင်းခြံ Zero ပျောက် ကျားတပ်ဖွဲ့တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်ခံရပြီးနောက် ခရီးသွားပြည်သူများကို ရိုက်နှက် မှုများ ၊ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article