37 C
Yangon

မြင်းမူ Black Eagle အဖွဲ့က တော်လှန်ရေး အရှိန်မြှင့်တင်ရန်နှင့် လက်နက်ပစ္စည်း ထုတ်လုပ်ရန် မဲလက်မှတ်များ ရောင်းချမည်

Must read

မြင်းမူ Black Eagle အဖွဲ့က တော်လှန်ရေး အရှိန်မြှင့်တင်ရန်နှင့် လက်နက်ပစ္စည်း ထုတ်လုပ်ရန် မဲလက်မှတ်များ ရောင်းချမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြင်းမူ Black Eagle Defence Force-MMU အဖွဲ့က တော်လှန်ရေး အရှိန်မြှင့်တင်ရန်နှင့် လက်နက်ပစ္စည်း ထုတ်လုပ်ရန် မဲလက်မှတ်များ ရောင်းချမည်ဖြစ်ကြောင်း Black Eagle အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ကာ Black Eagle Defence Force-MMU အဖွဲ့က ထုတ်လုပ်ရေး ရန်ပုံငွေ Project အဖြစ် မဲလက်မှတ်များ စတင် ရောင်းချ လျက်ရှိကြောင်း သိရသည်။

မဲလက်မှတ် ၁ စောင်လျှင် ၁၀၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပထမဆု အဖြစ် IPhone ၁ လုံး၊ ဒုတိယဆုအဖြစ် ရွှေပြား ၁ ပြား၊ တတိယဆုအဖြစ် Android Phone ၁ လုံး မဲဖောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲလက်မှတ်များကို မြင်းမူ Black Eagle Defence Force-MMU အဖွဲ့၏ Facebook page ၌ ဆက်သွယ်ဝယ်ယူနိုင်ပြီး ကံစမ်းမဲလက်မှတ်များကို မတ်လ ၁ ရက်နေ့တွင် ထွက်မည့် ထိုင်းထီးဖြင့် ကံစမ်းမဲလက်မှတ်များ ဖွင့်ဖောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

“တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ ထုတ်လုပ်ရေးအပိုင်းတွေမှာ ပိုပြီးလိုအပ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Black Eagleရဲ့ ထုတ်လုပ်မှုပိုင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ဆက်လက် ထုတ်လုပ် မြှင့်တင်သွားဖို့ မိဘပြည်သူများအနေနဲ့ ယခု ကံစမ်းမဲ Project ကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ Black Eagle အဖွဲ့ကြီးမှ မေတ္တာရပ်ခံအပ်ပါတယ်” ဟု Black Eagle အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article