32 C
Yangon

မြစ်ကြီးနားမြို့နယ်ရှိ ခလရ ၂၁ တပ်ရင်းကို ၄၀ မမ ဗုံးသီး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွား၊ စစ်သားများ သေဆုံးထိခိုက်မှုရှိနိုင်

Must read

မြစ်ကြီးနားမြို့နယ်ရှိ ခလရ ၂၁ တပ်ရင်းကို ၄၀ မမ ဗုံးသီး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွား၊ စစ်သားများ သေဆုံးထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြိးနားမြို့နယ်ရှိ အမှတ် ၂၁ ခြေလျင်တပ်ရင်းကို ယနေ့ နံနက်ပိုင်း ၄၀ မမ ဗုံးသီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် မြစ်ကြီးနားမြို့၊ အမှတ် ၂၁ ခြေလျင်တပ် ရင်းတွင် ရှေ့တန်းသို့ တပ်ချိန်းရန် ပြင်ဆင်နေ ကြစဉ် ၄၀ မမ ဗုံးသီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဆေးရုံကားများ စစ်တပ် အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

“ခလရ ၂၁ တပ်ရင်းထဲကို မနက်အစောကြီး လက်နက်ကြီး ၁၀ ချက်လောက် ကျ ရောက် ပေါက်ကွဲပါတယ်။ မကြာဘူး တပ်ဆေးရုံကားတွေ ဝင်သွားပြီး ပြန်ထွက်လာတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တပ်ရင်းတစ်ခု၏ အဝင်အ၀တွင် တွေ့ရသည့် ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေး ဆိုင်းဘုတ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article