31 C
Yangon

မြစ်ကြီးနားရှိ စစ်တပ်ပိုင် မြ၀တီဘဏ် ကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အစောင့် လုံခြုံရေး စစ်သား ၁ ဦး သေဆုံး

Must read

မြစ်ကြီးနားရှိ စစ်တပ်ပိုင် မြ၀တီဘဏ် ကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အစောင့် လုံခြုံရေး စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အစောင့်လုံခြုံရေး စစ်သား ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မြစ်ကြီးနားမြို၊မြေမြင့် ရပ်ကွက်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် အစောင့် စစ်သား ၁ ဦး သေဆုံးပြီး အခြားစစ်သား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

” မနေ့ ညနေပိုင်း မြစ်ကြီးနား စစ်တပ် မြဝတီဘဏ်ရှေ့မှာ လက်ပစ်ဗုံးနဲ့ ပစ် တာ စစ်ခွေးတကောင် ဗုံးထိပြီး လဲကျ သေဆုံးပါတယ်။ အခြား စစ်ခွေး တစ် ကောင်လည်းဒဏ်ရာရတယ်” ဟု ဒေသပြည်သူ့ကာကွယ်ရေး ခေါင်းဆောင် တစ်ဦးက ပြောသည်။

လက်ရှိတွင် မြစ်ကြီးနားရှိ စစ်ကောင်စီရုံးများ၊ ဘဏ်များတွင် လုံခြုံရေး တင်း ကျပ်ထားပြီး မြစ်ကြီးနားမြို့အနှံ့ ဘယ်ရီရာ ဂိတ်များ ချထားကြောင်း၊ တပ်ရင်း တပ်ဖွဲ့များအတွင်းတွင် ဗုံးခိုကျင်းများ၊ ခုခံပစ်ခတ်မည့် မြေကြီးကို တွင်း တူး ထားသော မြောင်းဘန်ကာများ တည်ဆောက်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article