31.9 C
Yangon

မြိုင်တွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဆာလင်းကြီးမြို့မ ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြိုင်တွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဆာလင်းကြီးမြို့မ ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးစခန်းနှင့် ကိုင်းတောမနယ်မြေရဲစခန်း အကြားတွင် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်း ၁၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စင်္ကြာ -ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က သရက်ကန်ပျူစောထီးစခန်းနှင့် ကိုင်းတော မနယ်မြေရဲစခန်း အကြားတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း ဖြတ်ကူးရန်အတွက် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးကို ရှေ့ထွက်မိုင်း၊ ရှေ့ထွက်ပြောင်းများဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရှေ့ထွက်မိုင်း၊ ရှေ့ထွက်ပြောင်းတိုက် ၁၈ လုံးကို မိုင်းပွိုင့် ၉ နေရာခွဲပြီး တိုက်ခိုက်ခဲ့တာ၊ စစ်ခွေး ၃ ကောင်နေရာမှာ ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့ စစ်ခွေးတွေ အများအပြားအပြင်းအထန် ဒဏ်ရာရသွား ပါတယ်” ဟု စင်္ကြာ -ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ၏ တပ်ခွဲ ၄ (စင်္ကြာ-ဒေသ ကာကွယ်ရေး တပ်ဖွဲ့နှင့် တပ်ခွဲ ၁ မုန်တိုင်းတပ်ဖွဲ့၊ အပြုံမပျက် ကတုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို အကြမ်းဖက် မီးရှို့ဖျက် ဆီးနေသော စစ်သားများကို လက်တုံ့ပြန်သည့် အနေဖြင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆားလင်းကြီး မြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှလည်း ပြန်လည်ပစ်ခတ်မှုရှိခဲ့ပြီး စစ်သား၊ ရဲထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့၊ Salingyi သမန်းကျားပျောက်ကျားတပ်ဖွဲ့၊ မြန်မာ့တော်ဝင်နဂါးတပ်မတော် ဆားလင်းကြီးခွဲ တစ်ကိုယ်သုဘရာဇာ နှင့် အခြားမဟာမိတ်အဖွဲများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article