30 C
Yangon

မြိုင်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မြိုင်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသော ကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း စကြာ်-ဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၀န်းကျင်ခန့်တွင် ပခုက္ကူမှ မြိုင်စက်မှု ၂ သို့ ထွက်ခွာ လာသော အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသည့် ကား ၅ စီးကို သရက်ကန်ပျူစခန်းနှင့် ကိုင်းတောမ နယ်မြေရဲစခန်းအကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ရှေ့ထွက်ပြောင်း ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အပြာရောင် Uniform ၀တ်ဆင်ထားတဲ့ ခွေးအများအပြားပါလာတဲ့ ကားကို သေချာစောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်။ ကားပျက်စီးသွားပြီး ကိုင်းတောမစခန်းကို ဆွဲယူသွားတယ်။ ကားပေါ်ပါလာတဲ့ စစ်ခွေး ၂ ကောင် သေဆုံးပြီး ယာဉ်ပေါ်ပါလာတဲ့ စစ်ခွေး ဗိုလ် နှာခေါင်းမိုင်းဆ ထိမှန် ဒဏ်ရာရသွားတယ်။ ကျန်တ​ဲ့ တပ်သား ၂ ဦးကတော့ မျက်လုံး မိုင်းစ ထိမှန် ဒဏ်ရာ ပြင်းထန်​တယ်။ အခြား တပ်သားအများအပြား ထိခိုက်ဒဏ်ရာများစွာနဲ့ ကိုင်းတောမစခန်းသို့ ၀င်ရောက်သွား​တယ်။ သေဆုံးသွားတဲ့ စစ်ခွေးအလောင်းနဲ့ ဒဏ်ရာရသူတွေကို ဖောကား ၂ စီးနဲ့ ဒီနေ့ နံနက်ပိုင်းမှာ ပခုက္ကူကို ပြန်လည်တင်ဆောင်သွား‌​တယ်” ဟု စကြာ်-ဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မူကို မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ၏ တပ်ခွဲ ၄ စကြာ်-ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ခွဲ ၁ မုန်တိုင်းတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article