28 C
Yangon

မြိုင်ရဲစခန်းမှ ရဲတပ်သား မြတ်စိုးကျော်နှင့် မျိုးမင်းသိန်းတို့နှင့်အတူ အမျိုးသမီး တချို့က အရက်အတူသောက်ပြီး ဆေးခတ်ကာ လက်နက် ၁ လက်နှင့် ကျည် များ ယူဆောင်၍ မြိုင် ပကဖ ထံ အပ်နှံ

Must read

မြိုင်ရဲစခန်းမှ ရဲတပ်သား မြတ်စိုးကျော်နှင့် မျိုးမင်းသိန်းတို့နှင့်အတူ အမျိုးသမီး တချို့က အရက်အတူသောက်ပြီး ဆေးခတ်ကာ လက်နက် ၁ လက်နှင့် ကျည် များ ယူဆောင်၍ မြိုင် ပကဖ ထံ အပ်နှံ

ရန်ကုန်၊ ဇန်နဝါရီ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်ရဲစခန်းမှ ရဲတပ်သား မြတ်စိုးကျော်နှင့် မျိုးမင်း သိန်း တို့နှင့်အတူ အမျိုးသမီးတချို့က အရက်အတူသောက်ပြီး ဆေးခတ်ကာ လက် နက် ၁ လက်နှင့်ကျည်များ ယူဆောင်၍ မြိုင် ပကဖ ထံ အပ်နှံ လာ ကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ယနေ့ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃နာရီ၄၅မိနစ်အချိန် မြိုင်မြို့မရဲစခန်းမှ ရဲမြတ် စိုးကျော်နှင့်ရဲတပ်သားမျိုးမင်းသိန်းတို့သည် အရက်သေစာ သောက် စား ရန် ပြည်သူကို ခြိမ်းခြောက် ဖိအားပေး တောင်းဆိုစဉ် ပြည်သူက အရက်ထဲ တွင် ဆေးထည့်၍ သူတို့ပါ အရက်သောက်ပြီး ရဲ ၂ ဦးထံမှ G3 တစ်လက်၊ကျည် တစ်ဘောက်နှင့်ကျည်၁၇တောင့်၊ဖုန်း၂လုံး၊ဓား၁ချောင်းယူဆောင်၍ မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်အပ်နှံခဲ့ပါသည်။

ဆေးခတ်ထားသော အရက်ကို အတူပူးတွဲ၍ သောက်စားခဲ့သော ပြည်သူ နှစ်ဦး သည် အဆိပ်သင့်၍ ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်ကြောင်း၊ သူတို့ ၂ ဦးလုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိန်းသိမ်းစောင့် ရှောက် ထားကြောင်း၊ လက်နက်၂လက်နှင့်ခဲယမ်းအမြောက် အများ ရရှိနိုင်သော်လည်း အတွေ့အကြုံနည်းပါးသည်ကတစ်ကြောင်း၊မိန်းကလေး များ ဖြစ်နေ၍ လုံခြုံမှု စိုးရိမ်သဖြင့် လက်နက်၁လက်နှင့် အခြားဆက် စပ် ပစ္စည်းများသာ ယူဆောင် နိုင်ခဲ့ကြောင်း သိရှိရသည်။

“ဆေးခတ်ထားတဲ့ အရက် သောက်တဲ့ ရဲ ၂ ဦးကတော့ မသေဘူးလို့ သိရတယ်။ အသေးစိတ်ကတော့ စုံစမ်းတုန်းပဲ” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article