35 C
Yangon

မြိုင်၊ တဲကြီးရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးပြာကျပြီး နေအိမ် ၁ လုံးကို စစ်တပ်က မိုင်းခွဲ ဖျက်ဆီး

Must read

မြိုင်၊ တဲကြီးရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးပြာကျပြီး နေအိမ် ၁ လုံးကို စစ်တပ်က မိုင်းခွဲ ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တဲကြီးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃ လုံးပြာကျခဲ့ကြောင်း We love Myaing အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် မြိုင်မြို့နယ် အနောက်ပိုင်း တဲကြီးရွာရှိ ပြည်သူပိုင်နေအိမ် ၃ လုံးကို မီးလောင်ပြာကျခဲ့ပြီး နေအိမ် ၁ လုံးကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ခွေး စစ်ကြောင်း ထိခိုက် သေဆုံးတာတွေရှိတယ်။ မိုင်းဆွဲခံရသည့် နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ ပေပါမိုင်း တစ်လုံးကို ရှာတွေ့သွားပြီး ပြည်သူပိုင် နေအိမ် ၁ လုံးထဲ မိုင်းကိုထည့်ပြီး ဖောက်ခွဲဖျက်ဆီးသွားတယ်။ ပြီးတော့ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်” ဟု We love Myaing အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article