27 C
Yangon

မြောင်တွင် စစ်ဗိုလ် မိန်းမ မီးဖွားရန် ပို့ဆောင်ပြီး ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မြောင်တွင် စစ်ဗိုလ် မိန်းမ မီးဖွားရန် ပို့ဆောင်ပြီး ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ဗိုလ် မိန်းမ မီးဖွားရန် ပို့ဆောင်ပြီးပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်) က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၇ နာရီခန့်တွင် ကျောက်ရစ်ရဲစခန်း၌ တပ်စွဲထားသော စစ်ဗိုလ် မိန်းမ မီးဖွားရန် အင်အား ၆၀ ခန့်ဖြင့် နနွင်းကိုင်းဆိပ်ကမ်းမှ တဆင့် ရေစကြိုသို့ သွားရောက်ပို့ဆောင်ပြီး ပြန် လာသော အကြမ်းဖက်စစ်သားများသည် နနွင်းကိုင်းရွာဘက်မှ ဆူးလေကုန်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ဆူးလေကုန်း ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီး တစ်ပါးနှင့် စစ် ဘေးရှောင်ပြည်သူ ၃ ဦးဒဏ်ရာရှိကာ နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

” ဒဏ်ရာရပြည်သူ ၃ ဦးထဲက အမျိုးသမီးတစ်ဦးက ဦးခေါင်းထိမှန် ဒဏ်ရာရတယ်၊ အမျိုးသားတစ်ဦး ခြေထောက်ကျိုးတယ်၊ ဒီလိုကြောင်းမဲ့ ပစ်ခတ်ရမလားဆိုပြီး မြောင်၊ မြင်းမူ၊ မြင်းခြံ၊ ရေစကြိုကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ အစီအစဉ်မရှိဘဲ ထွက်တိုက်ခဲ့ကြတာပါ” ဟု ကိုနွေဦး(မြောင်) က ပြောဆိုသည်။

ထိုသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ကျောက်ရစ်ရဲစခန်းသို့ ပြန်လာသော အကြမ်းဖက်စစ်သားများ သည် သနပ်ကုန်းကျေးရွာတောင်ဘက် ကုက္ကိုပင်အောက်၌ ထိုင်နေကြစဉ် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မြင်းခြံခရိုင် တပ်ရင်း ၃ မှ လက်လုပ်ရှော့တိုက်ဒုံးဖြင့်လည်းကောင်း၊ ယင်းတိုက်ပွဲဖြစ်နေစဉ် ကျောက်ရစ်ရဲစခန်းကိုလည်း အီနာဗုံးသီး ၂ လုံးဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက် ခိုက် မှု နှစ်ကြိမ်တွင်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်) က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article