31 C
Yangon

မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့​ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ကိုနွေဦးထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မြောင်မြို့နယ်၊ ပန်းညိုရွာကို ဝင်ရောက် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းညိုရွာကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် မည်မျှဆုံးရှုံးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း၊ ထို့ပြင် ဒေသခံ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု ရှိမရှိကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ကိုယ်ပိုင် နာမည်များတက်၍ ခွဲတမ်းချထားကာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းသို့ သယ်ရန် စုပုံထားစဥ် ဒေသခံကာကွယ်ရေး တပ်ပေါင်းစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပစ္စည်းများ ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့ကလည်း ပန်းညိုရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article