36 C
Yangon

မြ၀တီ-မဲဆောက် အမှတ် ၁ တံတားကို ယနေ့ နံနက် စတင်ဖွင့်လှစ်

Must read

မြ၀တီ-မဲဆောက် အမှတ် ၁ တံတားကို ယနေ့ နံနက် စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့တို့သို့ ဆက်သွယ်ထားသော အမှတ် ၁ ချစ်ကြည်ရေးတံတားကို ယနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း မဲဆောက်ရှိ မြန်မာများထံမှ သိရှိရသည်။

“ဒီနေ့မနက်တော့ ဟိုဘက်က ဒီဘက်တော့ ဖွင့်လိုက်တယ်။ ကူးသန်းတဲ့လူတော့ မတွေ့သေးဘူး။ ဖွင့်မယ်လို့ ပြောထားတော့ ဖွင့်တဲ့သဘောပဲ မြင်ရတယ်။ မြန်မာဘက်ကတော့ လူတွေပေးဖြတ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မြ၀တီဘက်က လူတွေဆီက ပြန်သိရတယ်။ ပြီးတော့ အရမ်းကို မြန်မာဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးမယ်လို့ ပြောတယ်” ဟု မဲဆောက်မှ မြန်မာကုန်သည်တစ်ဦးက ပြောသည်။

၂၀၂၀ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားပြီးနောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ပိတ်ပင်ထားခဲ့ရာ ၃ နှစ်အကြာတွင် ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article