30 C
Yangon

ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာသား မောင်ဇော်ဝင်းထွန်းကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်

Must read

ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာသား မောင်ဇော်ဝင်းထွန်းကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီလ ၂၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာသား စစ်ဘေးရှောင်နေသူ အသက် ၂၁ နှစ်အရွယ် မောင်ဇော်ဝင်းထွန်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ယင်းမာပင်မြို့နယ်၊ မြရိပ်ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် သည် စည်လှောင်ရွာ၊ အောင်ချမ်းအေးရွာ၊ အောင်ချမ်းသာရွာတို့ကို စစ်ကြောင်းထိုး ဝင် ရောက်စဉ် စည်လှောင် ရွာအနီး၌ စစ်ဘေးရှောင်နေသူ လူငယ်မောင်ဇော်ဝင်းထွန်းကို ဖမ်းဆီးသွားပြီး ရက်ရက်စက်စက်သတ် ဖြတ်ကာ အလောင်းစွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ရွာတွေကို မီးရှို့နေလို့ စစ်ဘေးရှောင်နေရတဲ့ပြည်သူပါ၊ ဖမ်းဆီးခေါ်ဆောင်သွားပြီး တော့ ပျောက်နေရာကနေဇန်နဝါရီလ ၂၈ ရက်နေ့ကျမှ သူ့ရဲ့ရုပ်အလောင်းကို ပြန်တွေ့ပြီး သဂြိုလ် ပေးခဲ့ရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article