36 C
Yangon

ယင်းမာပင်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေ

Must read

ယင်းမာပင်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ်အတွင်းရှိ အင်းပတ်ရွာ၊ ကြက်လျှာရွာ၊ ကျောက်ကုန်းရွာ၊ ကျောက်မှော်ရွာနှင့် နှောပင်ရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေကတော့ ရွာတွေကို ပတ်ပြီးတော့ မီးရှို့နေတာ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်။ အခုလက်ရှိချိန်ထိ ရွာတွေကို မဝင်ရသေးဘူး။ ရွာပြင်ကနေပဲ အခြေအနေကို စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article