40.9 C
Yangon

ယင်းမာပင်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သပိတ်ကျင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ယင်းမာပင်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သပိတ်ကျင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းညီနောင်ပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းကို PDF တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲစခန်း အတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ မိဘပြည်သူများအနေနဲ့ လက်နက်ခဲယမ်း ဝယ်ယူနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်” ဟု ချင်းတွင်းညီနောင်ပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်း ညီနောင်ပျောက်ကျားတပ်ဖွဲ့နှင့် အတူညီနောင် မဟာမိတ် များဖြစ်ကြသော Fighter Brotherhood Guerrilla Army ၊မိုးသောက်ကြယ်၊ Black Vote Fighter ၊ Black Shadow People’s Defence Force ၊ပြည်သူအားလုံးရဲ့ PK နှင့်အခြားညီနောင်မဟာမိတ်အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကြာညှပ်ရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးများနှင့်စစ်သား ၁၅ ဦးခန့် ပူးပေါင်းကာ အစည်းအဝေးပြုလုပ်နေစဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးကာ စစ်သား ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို TBK တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့နှင့် နယ်မြေခံ ရပ်ကျေး (ပကဖ)များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article