26 C
Yangon

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း အပြီးအပြတ် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည်ဟုဆို

Must read

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း အပြီးအပြတ် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း စစ်ဆေး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းစစ်ဌာနချုပ်အ စည်း အဝေး တွင် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် CDM များ စစ်ဆေးအရေးယူရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် CDM များကို စစ်ဆေးအရေးယူရန်နှင့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို စစ်ဆေးရန်၊ CDM ဝန်ထမ်းများကို လက်ခံ ထားပါက သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ချိတ်ပိတ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများကို ၁ လ အတွင်း အပြီးအပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က လက်ခံရရှိထားသော စာအရ သင်္ဃန်းကျွန်းမြို့နယ်တွင် CDM စစ်ဆေးရေး အဖွဲ့အဖြစ် ဗိုလ်မှူး ညီဖြိုးဝေက ဦးဆောင်ပြီး ဒေါက်တာ စောအောင်ရွှေဖြူ၊ ဦးသိန်းထွန်း၊ ဦးသန့်ဇင်ထွန်း၊ ဒုရဲမှူးအောင်နိုင်မှူးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article